Who is BOSS👤👤

1.7K 129 9
                                        

Wayo-POV

ဒီလိုနဲ့သာ အချိန်နည်းနည်း ထပ်ကြာသွားမယ်ဆိုရင် ကျွန်တော် P'Phaကို နမ်းပစ်ဖို့ သေချာနေပါပြီ…

😏😏😏😏😏😏😏😏😏😏😏😏😏😏😏

“တင်း~တင်း~တောင်🎵တင်း~တင်း~တောင်🎵”

တံခါးဘဲလ်သံကြားတော့ ကျွန်တော်တို့ နှစ်ယောက်လုံး မသိစိတ်တွေကနေ နိုးထလာကြတယ်… ကျွန်တော် အရင် အကြည့်လွှဲလိုက်ပြီး တံခါးဖွင့်ဖို့ P'Phaပေါ်ကနေ ဖယ်လိုက်တယ်… P'Pha ပြန်ထဖို့အတွက် ကျွန်တော်က လက်ကို လှမ်းပေးလိုက်တယ်… တစ်ချက်ပြုံးပြရင်း P'Phaကျွန်တော့်လက်ကို ဆွဲကိုင်ကာ ဖြေးဖြေးချင်း ထလိုက်တယ်… ပြီးတော့ ကျွန်တော် တံခါးနားဆီ ပြေးသွားလိုက်တယ်…

Lockခလုတ်ကို နှိပ်ပြီးတော့ အိမ်တံခါး ဖွင့်ကြည့်လိုက်တယ်… ခြံဝကနေ တလှမ်းချင်း အိမ်ဘက်ကို ဦးတည်လာတဲ့ Ming ကို တွေ့လိုက် ရပါတယ်… လက်ထဲမှာ အထုပ်တွေ အများကြီး ကိုင်ပြီး ကျွန်တော့်ကို မြင်တော့ လက်လှမ်းပြရင်း လျှောက်လာတယ်…

အိမ်ထဲရောက်တော့ Ming က…

Ming--P'Pha သက်သာပြီလား…?

ကျွန်တော် ခေါင်းတစ်ချက်ညိတ်ပြပြီး လက်ထဲက အထုပ်တွေကို လက်လွှဲသယ်လိုက်တယ်… နောက်တော့ P'Phaက မီးဖိုချောင်ဘက်က ထွက်လာပြီး… Ming ကို တွေ့တော့ နှုတ်ဆက်လိုက်တယ်…

Pha-- Sawaddee Nong!
Ming-- Sawaddee P'…! သက်သာသွားပြီလား…

Pha-- သက်သာပါပြီ…Yoပြောပါတယ်… Nong ကျေးဇူးကြောင့် အခုလို နေပြန်ကောင်းလာတာ… ကျေးဇူးပါ Nong Ming!

Ming-- ရပါတယ်ဗျာ… ကျေးဇူးတွေ ဘာတွေ တင်ဖို့ မလိုပါဘူး… Yoရဲ့… အဲ… မိတ်ဆွေဆိုတော့ … ကျွန်တော့် မိတ်ဆွေလိုပဲပေါ့… ကျေးဇူးတင်မယ့် အစား နောက်မှ ရင်းရင်းနှီးနှီး အတူတူ သွားသောက်ကြတာပေါ့!

Yo--Ai Ming! P'Phaက နေကောင်းသေးတာ မဟုတ်ဘူး…!

Ming--အေးပါ…ငါလဲ နောက်တော့မှလို့ ပြောတာပါ…

Pha--ဒါပေါ့ Ming…! နောက်မှ ရင်းရင်းနှီးနှီး အတူ သွားသောက်ကြတာပေါ့… ! ထိုင်ဦးလေ Ming…

Ming--ဟုတ်…! ကျွန်တော်က အရမ်းခင်တတ်တာ… ဟဲ…ဟဲ… Wayoက P'Phaအကြောင်း အမြဲပြောတယ်…

လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓Where stories live. Discover now