Wayo-Pov
ပုံမှန်အတိုင်း ကျွန်တော် Game ဆော့တယ် ၊ TV ထိုင်ကြည့်တယ်၊ ဒါပေမယ့် စိတ်မပါဘူးဖြစ်နေတယ်။ အိပ်ရာဘေးမှာ ထောင်ထားတဲ့ ဂီတာကို သံစဉ်မမှန်ဘဲ တဗျောင်းဗျောင်း တီးပစ်လိုက်တယ်။ ဒီနေ့တနေ့လုံး ကျွန်တော် နေမထိထိုင်မသာတွေ ဖြစ်ပြီး ဘာလုပ်လုပ် စိတ်တိုင်းမကျမိဘူး။ ကျွန်တော် ဘာဖြစ်နေတာလဲ…!
“ Yo Yo!! သားကြိုက်တတ်တဲ့ ပင်လယ်စာ ခေါက်ဆွဲ ကို မားမား လုပ်ပေးထားတယ်လာစား ဦးလေ!!”
ကျွန်တော့် အကြိုက်ဆုံး ပင်လယ်စာ ခေါက်ဆွဲကိုလဲ စားချင်စိတ်မရှိပါဘူး။ ဒါပေမယ့်လဲ မားမားကိုယ်တိုင် လုပ်ပေးထားတာဆိုတော့ နည်းနည်းတော့ စိတ်ကောင်းသွားအောင် စားပြရဦးမှာပေါ့!လှေကားထစ်တွေကနေပြေးဆင်းလိုက်ပြီး မီးဖိုချောင်မှာ အလုပ်ရှုပ်နေတဲ့ မားမားကို အနောက်ကနေ ဖက်လိုက်တယ်။
Wayo-- မားမားက သိပ်ချစ်ဖို့ကောင်းတာပဲ သားအကြိုက်ကို သိတယ်!!မားမား-- အမလေး…!! ချွဲမနေပါနဲ့! Yoတယောက်တည်းနေချင်တယ် မားမားလို့ ဘယ်သူပြောတာလဲ ဒါလား! မားမားကို ချစ်တာ!
Wayo--မားမားကလဲ သားက နေကြည့်ချင်လို့ပါ၊ နောက်ဆို Daddyက Companyကို လာအလုပ်လုပ်ခိုင်းရင် သားလွတ်လွတ်လပ်လပ် နေရတော့မှာ မဟုတ်ဘူး!!မားမား-- ဖြစ်ပါ့မလား YoYoရယ်!! အခုမှ အသက်က ငယ်ငယ်လေးပဲရှိသေးတာ တယောက်တည်းနေဖို့ မားမား စိတ်မချပါဘူး!! ပြီးတော့ YoYoတယောက်ထဲ ဘာမှ မလုပ်တတ် မကိုင်တတ်နဲ့ ဒုက္ခရောက်နေမှဖြင့် မားမား ရင်ကျိုးရချည်ရဲ့!!
Wayo-- သားကို တစ်ခါလောက် ယုံကြည်ပေးပါ မားမားရယ်!! Daddyက မားမားမှမပြောရင် သားကို Condo ဝယ်ပေးမှာ မဟုတ်ဘူး!!
နော်… မားမားနော်…!!မားမား--ဟင်းးးးခက်တယ် ခက်တယ်! ဒီသားအဖ နှစ်ယောက်ကြောင့် ခက်တယ်၊ အဖေကလဲ အလုပ်မအားလို့ အိမ်တောင်မကပ်နိုင်ဘူး၊ သားတစ်ယောက်ရှိပါတယ်၊ အရွယ်တောင်မရောက်သေးဘူး တစ်ယောက်တည်းနေမယ်ဆိုပြီး အိမ်က ထွက်သွားဦးမယ်!! မားမားကို ရောထည့်မစဉ်းစား ကြတော့ဘူးလား!!
Wayo--မားမားရယ်!! အဲလိုမပြောပါနဲ့!! Daddyက သားလျှောက်ရမယ့်လမ်းကို သူကိုယ်တိုင်ရွေးချယ်ပေးပြီးသားလေ ၊ အဲဒီ့အချိန်မရောက်ခင် သားကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်လား၊ ကိုယ့်အားကိုယ်ကိုး နိုင်ရဲ့လားဆိုတာ သိအောင် သားတစ်ယောက်ထဲ နေကြည့်ချင်လို့ပါ။ဒါမှ Companyကို Daddyလိုမျိုး စီမံအုပ်ချုပ်နိုင်မှာလေ၊ အမြဲတမ်း အိမ်ထဲမှာ နေနေရင် တချိန်ကျ ဘာမှနားမလည်ဘဲ သားပြဿနာတက်မှာ…
Mr.Seint-- ငါ့သားပြောတာ တချို့တဝက်တော့ မှန်နေတာပဲ!!Daddy ကတော့ အဲလိုခံယူချက်ကို သဘောကျတယ်။
ဘယ်အချိန်ကတည်းက ရောက်လာမှန်းမသိ ဘဲရုတ်တရတ်ဝင်ပြောလိုက်တဲ့ Daddyအသံကြောင့် မားမားရော ကျွန်တော်ပါ နောက်လှည့်ကြည့်မိလိုက်တယ်။
Mr.Seint-- ဒါပေမယ့် တစ်ယောက်တည်းနေပြီး ပျက်စီးသွားတတ်တဲ့ သား/သမီးတွေကြောင့် စိတ်ဆင်းရဲရတဲ့ မိဘတွေလဲ ရှိကြတယ်၊ စိတ်မချဘူးလို့ ပြောတာထက် ကိုယ့်ကိုကိုယ် တကယ်ထိန်းကျောင်းနိုင်မှာလားဆိုပြီး စိတ်ပူမိတယ် ငါ့သား…
Wayo-- ကျွန်တော် ကတိပေးတယ်ဆိုတာထက် အလုပ်နဲ့ သက်သေပြပါ့မယ် Daddy! ကျွန်တော်က Daddyသားပါ! တစ်ခါလောက်ပဲဖြစ်ဖြစ် ယုံပေးမယ်ဆိုရင် Daddy စိတ်မပျက်စေရပါဘူး…
Mr. Seint-- ကောင်းပြီလေ… Daddy က တရုတ်ကို အလုပ်ကိစ္စနဲ့ သွားရမှာမို့လို့ Daddy ရဲ့အတွင်းရေးမှူးကို Condo ဝယ်ဖို့ စီစဉ်ခိုင်းထားတယ်! ဒါကြောင့် ပြင်ဆင်စရာရှိတာ ပြင်ထားလိုက်ပါ…
ဝမ်းသာတကြီးနဲ့ မားမားကို လှမ်းကြည့်လိုက် ပေမယ့် ညှိးငယ်သွားတဲ့ မျက်နှာနဲ့ မားမားကိုတွေ့တော့ စိတ်မကောင်းတော့ ဖြစ်မိသွားတယ်…
Wayo--မားမားရယ်… Yoက မားမားရဲ့ သားပါပဲ! သားကိုချစ်ရင် ပြုံးပြပါနော်…
မားမား-- တစ်ယောက်တည်းနေဖို့ တကယ်ပဲ ဆုံးဖြတ်ချက်ချပြီးပြီလား YoYoရယ် !
Wayo-- ဟုတ်ကဲ့! သား ကိုယ့်ကိုကိုယ် ယုံကြည်တယ် ။ တစ်ယောက်တည်း နေရရင်လဲ ဘာအခက်အခဲမှမရှိဘဲ ကျော်ဖြတ်နိုင်မှာပါလို့…
To be continue…
Zaw Zaw

VOUS LISEZ
လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓
FanfictionThe best story for my own creation ... Pha-- ဂုဏ်တွေဒြပ်တွေနဲ့ ကြွယ်ဝချမ်းသာတဲ့ လူချမ်းသာ အသိုင်းအဝိုင်းတွေကို ကြောက်တယ် ဆိုတဲ့ ကောင်လေး... Yo-- တစ်နိုင်ငံလုံးရဲ့ ထိပ်တန်းအချမ်းသာဆုံး မိသားစုအနွယ်ဝင်တစ်ယောက် ... အလိုလိုက်ခံရပြီး ကလေးတစ်ယောက်လိုပဲ ေ...