Pha-- POV
Wayo အတွက် အရာရာ ပထမဆုံးဆိုသလို အချိန်ပေးဖို့လိုတယ်ဆိုတာကို ကျွန်တော် နားလည်ပါတယ်… ဒါပေမယ့် Yoနဲ့ပတ်သတ်လာ ရင် ဘာမဆို မထိန်းသိမ်းနိုင်လောက်အောင် ကျွန်တော့်စိတ်တွေ အမြဲ လွတ်ထွက်သွားတတ် တယ်… မဖြစ်တော့ဘူး… Yo နဲ့ပတ်သတ်ပြီး ဖြစ်ဖြစ်လာတဲ့ ရမ္မက် နတ်ဆိုးလေးကို ကျွန်တော် သေချာ တိုက်ထုတ်မှ ဖြစ်တော့မယ်… ကြိုက်မရှက် ငိုက်မရှက် ဆိုသလိုများလား… ကျွန်တော့်မှာ အရှက်တရား မရှိတော့သလို Yo ရဲ့အနမ်းတွေကို အငမ်းမရ ဖြစ်နေတတ်တယ်… ကလေးက ငယ်ပါသေးတယ်… 😓😓😓 ကျွန်တော့်စိတ် ကျွန်တော် ထိန်းဖို့ပဲ လိုတာ… အရွယ်ရောက်ပြီးသား ကျွန်တော့်အဖို့တော့ မလွယ်ပါဘူး… ဒီလို အရမ်း မြတ်နိုးမိတဲ့သူဆီက ယုယမှုကို ကျိန်းသေပေါက် လိုချင်နေပေမယ့် နားလည်ပေးရမယ်ဆိုတဲ့ ဦးစားပေး အဆင့်ကြောင့် အောင့်သက်သက် ဖြစ်နေမိတယ်၊ ဘယ်တတ်နိုင်မလဲ… ကျွန်တော်က သူ့အတွက် ပထမဆုံး ချစ်သူလို့ ဝန်ခံနေတာပဲ… ကျွန်တော့်ဘက်က စိတ်ရှည်ဖို့ပဲ လိုတာပါ…
ကျွန်တော်က ဖုန်းကွယ်ထားရတဲ့ အမှန်တရား ဆိုတာကို အရမ်းမုန်းပါတယ်… Yo အတွက် စိတ်ကျဉ်းကြပ်မှု မဖြစ်စေဘူးဆိုရင် ကျွန်တော်တို့ ဆက်ဆံရေးကို တလောကလုံးသိအောင် အသိပေး ချင်တာပါ…အဲဒီ့ ကိစ္စအတွက် ဘယ်အရာကိုမှ စိုးကြောက်မှု မရှိပါဘူး… ကျွန်တော့်ဦးလေး U Tan ကိုလဲ အသိပေးချင်သလို မေမေ့ကိုလဲ ပြောပြချင် နေပါပြီ… Green ရဲ့ အသိုင်းအဝိုင်းလိုမျိုး စိတ်ဖိစီးမှု မရှိနိုင်တဲ့ Yoနဲ့ကြားက အခြေအနေက အားလုံးကို အဆင်ပြေနိုင်မှာပါ… ဒါနဲ့ … Yoရဲ့ မိဘတွေရော… သဘောတူပါ့မလား…
🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑
Kit- POV
ရုပ်ရှင်သွားကြည့်ပြီးတဲ့ နေ့ကစပြီး Ming ကျွန်တော့်ဆီ ရောက်မလာတာ 3ရက်ရှိပြီ… စိတ်များ ဆိုးသွားတာလား…? ကျွန်တော့်ပေါ် နားလည်ပြီး အလိုက်သိတဲ့ ဒီကောင်လေးကို ကျွန်တော် အားနာမိတယ်… စိတ်ရှုပ်ထွေးနေမိတဲ့ ကိုယ့်ကိုကိုယ်လဲ ဒေါသထွက်မိတယ်… ရုတ်တရတ်ကြီး ပြောင်းလဲသွားတဲ့ Beamကြောင့်လဲ ကျွန်တော် စိတ်ရှုပ်မိတယ်… အရာရာက အဆင်မပြေသလို ကျွန်တော့်မျက်နှာလဲ မှုန်မှိုင်းနေမိတယ်… အလုပ်ထဲ စိတ်မပါသလို ခဏခဏ စိတ်တို စိတ်ဆတ်နေမိတယ်၊ ခဏလောက် အနားယူပြီး ကျွန်တော့်စိတ်ကို ဖြေဖျောက်ဖို့ လိုလာပါပြီ… ဒါကြောင့် နားနေခန်းဆီ သွားပြီး တစ်ခုခုသောက်ဖို့ ထွက်လာခဲ့တယ်…

VOUS LISEZ
လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓
FanfictionThe best story for my own creation ... Pha-- ဂုဏ်တွေဒြပ်တွေနဲ့ ကြွယ်ဝချမ်းသာတဲ့ လူချမ်းသာ အသိုင်းအဝိုင်းတွေကို ကြောက်တယ် ဆိုတဲ့ ကောင်လေး... Yo-- တစ်နိုင်ငံလုံးရဲ့ ထိပ်တန်းအချမ်းသာဆုံး မိသားစုအနွယ်ဝင်တစ်ယောက် ... အလိုလိုက်ခံရပြီး ကလေးတစ်ယောက်လိုပဲ ေ...