First Taste of 💋

1.6K 116 41
                                        

WAYO-POV

Ming က ငါရှိပါတယ်ကွာ မပူနဲ့ဆိုတဲ့ ဒီဇိုင်းနဲ့ ကျွန်တော့်ကိုပခုံးပုတ်ရင်း မျက်ခုံးတပင့်ပင့်နဲ့ လုပ်ပြနေတော့ အမြင်ကပ်ကပ်နဲ့ မျက်စောင်းချည်းပဲ ပိတ်ထိုးလိုက်မိတယ်...

မားကလဲ ကျွန်တော့်အလိုလိုက်ပေးချင်ပေမယ့် Company ရဲ့အရေးပေါ် အခြေအနေကြောင့် မသိချင်ယောင်ဆောင်ထားပုံရတယ်... အဲဒီတော့ ကျွန်တော်ဘာတတ်နိုင်ဦးမှာလဲ..😕😕😕

👦👦👦👦👦👦👦👦👦👦👦👦👦👦👦👦

မိုးလင်းပြီဆိုတာနဲ့ ကျွန်တော့်အတွက် ပျာယာခတ်အောင် ဝေယျာဝစ္စတွေ မမောနိုင် လုပ်ပေးတတ်တဲ့P'Pha က အခုကျွန်တော့်ကို ပန်းကန်ထဲ နွားနို့နဲ့Cereal လေးတောင် မထည့်ပေး နိုင်တော့လောက်အောင်Company သွားဖို့ ပြင်ဆင်နေတာနဲ့ အလုပ်ရှုပ်နေတယ်... ဧည့်ခန်းမှာ ဖုန်းကိုင်ပြီး စကားပြောနေရင်း ခေါက်တုန့်ခေါက်ပြန် လျှောက်နေတဲ့ သူ့ကိုကျွန်တော် ထမင်းစား စားပွဲမှာထိုင်ရင်း လည်ပင်းလိမ်နေအောင် လိုက်ကြည့်နေမိတယ်... ကျွန်တော့်ကိုများ တစ်ချက်ကလေးကြည့်မလားလို့ မျက်နှာငယ်လေးနဲ့ လှမ်းလှမ်းကြည့်နေတာတောင် သူ နည်းနည်းလေးမှ ဂရုမစိုက်အားပါ..  ကျွန်တော်ထပြီး သူ့အတွက် ပန်းကန်ယူကာ Cereal နဲ့ နွားနို့ထည့်ပေးရင်း စားဖို့ ပြောမယ်ကြံတုန်း လက်ဆွဲအိတ်ကိုင်ကာ အိမ်ထဲကနေ ထွက်ဖို့ပြင်နေတဲ့P'Pha ကိုတွေ့တော့..

Yo--P'Pha....!! မနက်စာ စားသွားဦးလေ..!ကျွန်တော်P'အတွက် ထည့်ပေးထားတယ်...

Pha --တောင်းပန်ပါတယ်Yo.. Share ရှင် တစ်ယောက်နဲ့ ချိန်းထားလို့ ကိုယ်သွားရတော့မယ်...

Yo--ဒါပေမယ့်.......

Pha -- မနက်စာစားပြီးရင် ဆေးသောက်ဖို့ မမေ့နဲ့နော်Yo... ကိုယ်သွားပြီ...!

မှာစရာရှိတာ ပြောပြီးတာနဲ့ တံခါးကို ဖွင့်ပြီး လျင်မြန်တဲ့ အရှိန်နဲ့ ထွက်သွားတော့ ကျွန်တော့်မှာ..

Yo--P'........!!!😟😟😟

ဟွင့်...😕😕

စိတ်ဓာတ်ကျကျနဲ့ ထိုင်ခုံပေါ် အရုပ်ကြိုးပြတ် ထိုင်ချလိုက်မိတယ်... သူ့အတွက် ထည့်ပေးထားတဲ့ မနက်စာ ပန်းကန်လေးကို ကြည့်ရင်း မျက်ရည်ဝဲချင် လာမိတယ်... မျက်နှာမကောင်းဖြစ်နေတဲ့ ကျွန်တော့်နားကိုMing ကရောက်လာပြီး...

လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓Where stories live. Discover now