Nightmare 🙀

1.3K 113 13
                                        

Nightmare

Yo-- အား....!မလုပ်နဲ့... !! မလုပ်ကြပါနဲ့......!!

မား--သား...Yo....!

မောဟိုက်ခြင်းတွေနဲ့ ချွေးစေးတို့က တစ်ကိုယ်လုံး ရွဲနေပါတယ်... အိမ်မက်တစ်ခုဆိုတာ သိတဲ့တိုင်အောင် ကျွန်တော် ထိတ်လန့် တုန်လှုပ်နေမိတုန်းပဲ... အနားကို မားက အပြေးလာပြီး ရေတစ်ခွက်လှမ်းပေးရင်း ကျွန်တော်ကျောကို ပွတ်ပေးတယ်...

မား--အိမ်မက်ဆိုးတွေ မက်နေပြန်ပြီလား Yoလေး..

အသက်ကို ပုံမှန်ဖြစ်အောင်ရှုရင်း စိတ်ကို ငြိမ်အောင် ထိန်းနေမိတယ်.. အိမ်မက်ဆိုးတွေက ကျွန်တော့်ကို နှောက်ယှက်နေတာ တစ်ရက်နှစ်ရက် မကတော့...

စားပွဲပေါ်က ပန်းအိုးကို ကျွန်တော် လှမ်းကြည့်လိုက်တယ်... နွမ်းလျနေတဲ့ ပန်းပွင့်ဖတ် လေးတွေက ညိုးရော်နေပြီ... အသစ်လဲပေးမယ့် သူက မရှိတော့ဘူး... 😔😔😔

အချိန်မှန်၎နာရီလောက်ဆို အခန်းထဲဝင်လာနေကျ ခြေသံလေးကို နားစွန့်နေမိတဲ့ ကိုယ့်ကိုကိုယ် နားမလည်ပါ... အရင်နေ့တွေနဲ့ မတူတော့ဘဲ အရာရာက ကျွန်တော့်အတွက် မှောင်မှိုင်းနေတယ်.. နာရီတော်တော်များများကို စားပွဲပေါ်က ပန်းအိုးဆီပဲ အကြည့်ရောက်ရင်း တိတ်ဆိတ်နေတဲ့ ကျွန်တော့်နေ့ရက်တွေကို ဖြတ်သန်းနေခဲ့ရတယ်..

အသက်ရှု တည်ငြိမ်သွားတော့မှ ပန်းအိုးလေးဆီက ကျွန်တော် အကြည့်လွဲလိုက်တယ်... နွမ်းလျစွာ အိပ်ယာပေါ်ပြန်လှဲရင်း ငြိမ်သက်နေမိတယ်.. သေချာတာက ကျွန်တော် ပြန်အိပ်လို့ မရတော့ပါ... ခြောက်ခြားဖို့ကောင်းတဲ့ အိမ်မက်ရဲ့ ဆိုးကျိုးကြောင့် သက်သာလာပြီလို့ ထင်ရတဲ့ ကျွန်တော့် ကျန်းမာရေးပြန်ယိုင်နဲ့လာခဲ့တယ်... တုန်လှုပ်ခဲ့ရတဲ့ စိတ်အစဉ်ကို အနားပေးဖို့ ကြံနေတုန်း...

မား--ဩော်.. ပန်းတွေလဲ နွမ်းနေပြီပဲ.. လွှင့်ပစ်လိုက်မှ....

ကျွန်တော် ငေါက်ခနဲ  အိပ်ယာက ထလာပြီး အထိတ်တလန့်နဲ့ တားလိုက်တယ်...

Yo--မလွှင့်ပစ်နဲ့မား....!!!! အဲဒီ့ပန်းအိုးကို မထိနဲ့.. အား.....😣😣😣

သွေးဆူဆူနဲ့ မားကို အမြန်သတိပေးလိုက်ရင်း ကျွန်တော့်ခေါင်းတွေ ပေါက်ထွက်မတတ် ကိုက်ခဲလာတယ်... မားက စိုးရိမ်တကြီး ကျွန်တော့်နား ကပ်လာပြီး...

လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓Where stories live. Discover now