Good Night 😼😼

1.4K 122 23
                                        

WAYO-POV

Ming ရဲ့ပုံစံကိုကြည့်ပြီး ကြောင်တောင်တောင် ဖြစ်သွားမိတယ်...

Yo-- ဘာဖြစ်နေတာလဲ...မင်းပုံစံက ဂုဏ်ဆာနေတဲ့ ရုပ်ကြီးနဲ့..

Ming -- မင်းစဉ်းစားကြည့်လေ..P'Kit ကိုပိုင်ဆိုင် ရတဲ့သူက အဲလိုပဲ ဂုဏ်ဆာနေနိုင်မှာပဲ.. ဘာဖြစ်လို့လဲ ဆိုတော့ P'Kitက စိတ်ထားလဲ ဖြူတယ်.. ချစ်ဖို့လဲကောင်းတယ်.. ဟင်းလဲ ကောင်းကောင်းချက်တတ်တယ်.. ဆေးလဲ ကုတတ်တယ်.. အားပေးတတ်တယ်.. ယဉ်ကျေးတယ်.. သိမ်မွေ့တယ်... ပါးချိုင့်လေးနဲ့ အပြုံးချိုတယ်.. လူချစ်လူခင်လဲပေါတယ်..

Yo--ကဲ...တော်ပါတော့ကွာ... အဲလောက်တောင် အမွန်းတင်နေရအောင် မင်းသူ့ကို ကြိုက်နေလို့လား..!

ကျွန်တော်ရွဲ့ပြီးမေးလိုက်ပေမယ့် Ming က ဟီးခနဲ တစ်ချက်ပြုံးရင်း ခေါင်းညိတ်တယ်...

Ming --အင်း...😆😆😆

အဲဒီတော့မှ အံ့ဩရတဲ့သူက ကျွန်တော် ဖြစ်သွားတယ်...

Yo--ဟေး... 👀👀တကယ်...
Ming --အင်းဆို...
Yo--မင်း...တကယ်ကြီးလား....😮😮😮 မယုံချင် စရာပဲ....

Ming --ဟက်... မင်းမမှတ်မိလို့ပါ... ငါဘယ်လောက် သူ့အပေါ်ရူးသွပ်လဲဆိုတာ..

Yo--ဒါပေမယ့် သူ့မှာပိုင်ရှင်ရှိပြီးသားကြီးဆို..
Ming --အေးလေ.. အဲဒီ့ပိုင်ရှင်ကလဲ....ငါပဲ... မင်းသိပါတယ်..ငါက လိုချင်တာကို ရအောင်ယူတတ်တယ်ဆိုတာ..

Yo--အာ့ဆို..မင်းနဲ့သူက...😮😮
Ming --ဟုတ်တယ်.. အဲဒါကြောင့်မို့ မင်းကို စိတ်မပူနဲ့လို့ပြောတာ..P'Kit က ငါကလွဲပြီး ဘယ်သူ့ကိုမှ စိတ်ဝင်စားမှာ မဟုတ်ဘူး... မင်းအထင်လွဲပြီး အကြောင်းမဲ့ သက်သက် သဝန်တိုနေတာ.. P'Pha ကလေ.. မင်း ညစာ ကောင်းကောင်းမစားလို့ စိတ်မကောင်း ဖြစ်ပြီး ငါ့ကို အကြံဥာဏ်တောင်းလို့Pizza မှာပေးဖို့ ပြောလို့ သူမှာခဲ့တာ..အဲဒါကိုမင်းက ဆူပုတ်နေတော့... သူ ဘယ်စိတ်ကောင်းပါ့မလဲ..

ကျွန်တော် တကယ်ပဲ အကြောင်းမဲ့လျှောက်စဉ်းစား ရင်း သဝန်တိုခဲ့မိတာများလား..P'Pha က တကယ်ကို မျက်နှာမကောင်းဖြစ်ရင်း ကျွန်တော်နဲ့ ခပ်လှမ်းလှမ်း ကပဲ ငြိမ်သက်စွာထိုင်နေတယ်... သူ့ကိုလှမ်းကြည့်မိရင်း..

လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓Место, где живут истории. Откройте их для себя