အရှင်(master)
အပိုင်း-၁၁ကောင်းကင်ပေါ်က ခဲရောင်တိမ်စိုင်လိပ်ကြီး ကိုကြည့်ပြီး
byun:မိုးရွာနိုင်တာမဟုတ်ဘူးလား
min:မရွာပါဘူး ကိုယ်လုပ်တော်byunရယ်။မယုံရင်ကျွန်တော်နဲ့လောင်းမလား
byun:တော်ပါပြီ။byunကမသေချာမရေရာတဲ့အလုပ်တွေကိုမလုပ်ချင်ဘူး။ဒါပေမဲ့မိုးကိုတော့ရွာစေချင်တယ်
min:ဘာလို့လဲ
byun:မိဖုရားလတ်ကိုသိုင်းပညာသင်ပေးရမှာစိတ်ထဲတစ်မျိုးကြီးပဲ
min:ကျွန်တော်လည်းစုံစမ်းထားတာကတော့မိဖုရားလတ်က မင်းကြီးနဲ့အတူသိုင်းပညာဖလှယ်ရင်းနဲ့မြှားအတူပစ်ချင်တာတဲ့။နှစ်ယောက်အတူတော့ကစားထွက်ပြီးသားကောင်တွေပစ်ချင်တာတဲ့
byun:အရှင်ကသူ့ကိုမခေါ်ဖူးဘူးလား
min:မခေါ်ဖူးဘူး။သူမှမဟုတ်ဘူး။တခြားဘယ်သူ့ကိုမှလဲမခေါ်ဘူး။သူ့ဟာသူတစ်ယောက်တည်းပဲတော့ကစားထွက်တတ်တယ်
byunသူ့မျက်စိရှေ့ကသိုင်းလေ့ကျင့်ရေးကွင်းကိုငေးနေလိုက်သည်။
ဘေးတစ်ဖက်စီမှာ လှံနဲ့ဓားမျိုးစုံတိုက်ကို တစောင်းစီညီညာသပ်ရပ်စွာတင်ထားသည်။သူနဲ့မျက်နှာချင်းဆိုင် လေ့ကျင့်ရေးကွင်းရဲ့အဆုံးမှာ မြှားများစိုက်ဝင်ရင်ထောင်ထားသည့်သစ်သားပြားတွေရှိနေသည်။အနီရောင်အပြည့်ဝိုင်းထားသောစက်ဝိုင်းတစ်ခုက သစ်သားပြားတွေရဲ့အလယ်မှာတင့်တယ်စွာနေရာယူထားလေသည်။byunကတော့မြှားပစ်လို့ရတဲ့နေရာမှာရပ်နေသည်။သူ့ဘေးတစ်ဖက်စီမှာ လေးနဲ့မြှားတို့ကိုအရွယ်စုံဆိုဒ်စုံတွေ့ရသည်။byunကအဆောင်ပေါ်မှာရပ်နေတာကြောင့် လှေကားငါးဆင့်ဆင်းပြီးမှသာမြေပြင်ပေါ်ကိုရောက်သည်။လှေကားတွေရဲ့တစ်ဖက်စီမှာ သူ့အရပ်လောက်အမြင့်ရှိတဲ့ သံဒယ်ကြီးထဲတွင်ရဲရဲတောက်တောင်လောင်နေသောမီးပုံကို တွေ့လိုက်ရသည်။မလောင်သေးသော ထင်းအပိုင်းအစများကလည်းသူတို့ကိုမီးစွဲလောင်ရန်စောင့်နေကြသည်။မီးပုံကြီးရဲ့ဘေးမှာတော့ရဲမက်နှစ်ယောက်က လှံရှည်ကြီးတွေကိုင်ပြီးစောင့်ကြပ်နေကြသည်။
![](https://img.wattpad.com/cover/144893858-288-k704398.jpg)
YOU ARE READING
အရှင်(master)
Fanfictionbyunသည် မင်းကြီးparkသတ်မှ သေမည့်ကံဇာတာဆိုလျှင်.........မင်းကြီးparkကိုအသေသတ်ခဲ့သည်က byunကိုချစ်သောစိတ်ပင်......... byunသည် မင်းကြီးparkသတ်မှ သေမည့်ကံဇာတာဆိုလျှင်.........မင်းကြီးparkကိုအသေသတ်ခဲ့သည်က byunကိုချစ်သောစိတ်ပင်......... by အရွင္(master) #c...