အရှင်(master)
အပိုင်း-၄၀မင်းကြီးparkသူ့ရှေ့မှာတင်တိုက်ပွဲဖြစ်နေကြတဲ့စစ်သည်တွေကိုကြည့်နေသည်။ထင်တဲ့အတိုင်းပဲကျန်းရီဒေသကစစ်သည်တစ်ဝက်တောင်မဟုတ်လေးပုံတစ်ပုံလောက်နဲ့တိုက်ပွဲဖြစ်စေပြီးအချိန်ဆွဲထားခဲ့သည်။ဒါပေမဲ့taoတို့ရဲ့ဆေးအစွမ်းကြောင့်ကြာကြာတောင်မတိုက်လိုက်ရဘဲကျန်းရီမြို့ကိုအောင်နိုင်ခဲ့သည်။
သွေးအလိမ်းလိမ်းနဲ့သေဆုံးနေကြတဲ့ကျန်းရီစစ်သည်တွေအတွက်ကောင်းရာမွန်ရာရောက်စေဖို့တော့ဆုတောင်းပေးကြပြီးမီးရှို့သဂြိုဟ်ပေးလိုက်ကြသည်။ဘယ်လောက်ပဲရန်သူတွေဖြစ်နေပါစေသူတို့လည်းသူတို့တိုင်းပြည်ကိုကာကွယ်ခဲ့တဲ့သူရဲကောင်းတွေပဲလေ။လေးစားသင့်တာပေါ့……
မင်းကြီးpark ဒဏ်ရာရတဲ့စစ်သည်တွေကို ဆေးထည့်ခိုင်းပြီး အနားယူခိုင်းထားသည်။နောက်ရက်ပိုင်းနေတာနဲ့ ထပ်ပြီး ဖြစ်လာမဲ့တိုက်ပွဲကို ပြင်ဆင်နေရသည့်အတွက် သူ့မှာနားချိန်မရှိ။သမိုင်းမှာ ဘယ်သူမှမချိုးဖောက်နိုင်သေးသော ချီနိုင်ငံရဲ့ကျန်းရီခံတပ်အတွက် သူ့ရဲ့ဉာဏ်အား အားလုံးကိုသုံးထားတာကြောင့် မရှုံးအောင်တိုက်ရမှဖြစ်မည်။ကျန်းရီခံတပ်ကို နိုင်တဲ့စစ်ပွဲမရှိသေးတာကြောင့် ပေါ့ပေါ့လျော့လျော့နေနေသော ချီမင်းကြီးကိုအနိုင်ယူချင်သည်။ချီနိုင်ငံသာ သူ့လက်အာက်ရောက်သွားရင် ချီနိုင်ငံရဲ့လက်အောက်ခံတိုင်းပြည်တွေအားလုံး ဂိုလျောလက်အောက်ကိုရောက်လာတော့မှာ။ဂိုလျောဧကရာဇ်နိုင်ငံကိုတည်ထောင်ဖို့အတွက် ချီနိုင်ငံကိုနိုင်မှ ဟန်နိုင်ငံကိုနိုင်မှာ။ဟန်နိုင်ငံက ချီနိုင်ငံထက် ပိုပြီးအင်အားတောင့်တင်းသည်။စစ်သည်၊ ငွေကြေး၊ လက်နက်၊ ခုခံမှုအားနဲ့ ဗျူဟာကောင်းတွေကို ပိုင်ဆိုင်ထားသည့်အတွက် ဟန်နိုင်ငံကိုတိုက်ဖို့က သူတစ်ယောက်တည်းနဲ့မလုံလောက်ပေ……
park:byunအဆင်ပြေရဲ့လား
မင်းကြီးparkသတိရလွန်းလို့ byunကို အသိစိတ်ထဲကနေ မနည်းဖျောက်ဖျက်ထားရသည်။ကလေးကော ဘယ်လိုရှိနေမလဲ။ဘယ်သူနဲ့တူမလဲ။မွေးရောမွေးပြီးပြီလားလို့ အမြဲတမ်းတွေးပြီး စိတ်ပူနေသည်။သူဘေးမှာမရှိတော့ byunအရမ်းအားငယ်နေမှာကိုတွေးပြီး စိတ်မကောင်းလည်းဖြစ်မိသည်။ဖြစ်နိုင်ရင် ပြေးတွေ့ချင်ပေမဲ့……အလုပ်ပျက်မှာထက် byunအန္တရာယ်တွေ့မှာကိုသာ ပိုပြီးစိတ်ပူသည်။သူသွားတွေ့တုန်း တစ်ယောက်ယောက်ကများသိသွားရင် ကလေးတစ်ဖက်နဲ့byunအတွက် ရင်လေးစရာ။အချက်ပြမီး မလင်းသေးတာကြောင့် လောလောဆယ်တော့စိတ်အေးရသည်။
ESTÁS LEYENDO
အရှင်(master)
Fanficbyunသည် မင်းကြီးparkသတ်မှ သေမည့်ကံဇာတာဆိုလျှင်.........မင်းကြီးparkကိုအသေသတ်ခဲ့သည်က byunကိုချစ်သောစိတ်ပင်......... byunသည် မင်းကြီးparkသတ်မှ သေမည့်ကံဇာတာဆိုလျှင်.........မင်းကြီးparkကိုအသေသတ်ခဲ့သည်က byunကိုချစ်သောစိတ်ပင်......... by အရွင္(master) #c...