65(unicode)

1.5K 130 0
                                        

အရှင်(master)
အပိုင်း-၆၅

မင်းကြီးparkသူ့ပေါင်ပေါ်မှာအိပ်နေတဲ့byunရဲ့မျက်နှာလေးကိုပြုံးကာကြည့်နေရင်းဆံပင်လေးတွေကိုသပ်ပေးနေသည်။

အခုမှနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသောbyunဟာမင်းကြီးparkရှိနေတာကြောင့်စိတ်ချလက်ချအိပ်ပျော်နေပုံပေါ်သည်။အရင်ရက်တွေကchanbaeရောဂါကြောင့်မအိပ်ရဲတဲ့byunကမင်းကြီးparkရှိနေတော့လှုပ်တောင်မလှုပ်တော့ပေ။

park:သားလေးကိုbyunကယ်နိုင်သွားပြီ။byunကအရမ်းတော်တဲ့သူပဲ

မင်းကြီးpark byunပါးလေးကိုဖွဖွလေးငုံ့နမ်းလိုက်သည်။

byun:အရှင်…………

byunအိပ်နေရင်ယောင်နေတာကြောင့်မင်းကြီးpark byunလက်လေးကိုကိုင်လိုက်ပြီး

park:ကိုယ်ရှိတယ်byun

byunကတော့မင်းကြီးparkလက်ကိုရင်ခွင်ထဲထည့်ကာပြန်အိပ်ပျော်သွားသည်။

park:ကိုယ့်ရဲ့byunလေး…………byunကကိုယ့်အပိုင်…………။မယ်တော်ကြီးနဲ့မိဖုရားလတ်ကိုရှင်းဖို့ကbyunပါ ပါဝင်မှရမှာ

မင်းကြီးpark byunကိုအိပ်ယာပေါ်တင်ပေးလိုက်ပြီးစောင်ခြုံပေးလိုက်ကာ

park:ကိုယ်ပြန်လာခဲ့မယ်

မင်းကြီးparkထွက်သွားဖို့လုပ်လိုက်တော့

byun:အ…ရှင်……

byunမှိတ်ထားသောမျက်ဝန်းအိမ်မှမျက်ရည်တို့စီးကျလာသည်။byunအိမ်မက်ယောင်နေခြင်းပင်……။

"နီရဲသောသွေးစက်နီနီတို့ဟာမင်းကြီးparkပွေ့ချီထားသောbyunခန္ဓာကိုယ်မှာစီးကျလာခဲ့သည်"

~~~~~~~~~~

မနက်မိုးလင်းသော်

byunအိပ်ယာကနိုးလာတော့မင်းကြီးparkမရှိတော့ပေ။

byun:အရှင်

byunအခန်းအတွင်းအပြင်နှံ့အောင်ရှာတဲ့အပြင်အပြင်တွေပါထွက်ရှာသည်။ဘယ်မှာမှရှာမတွေ့တာကြောင့်byunငိုတော့သည်။ဝမ်းနည်းမှုတို့ကရင်ထဲတစ်ဆို့ကာပူပြင်းသောသောကမီးတို့ကတောက်လောင်လာသည်။

byun:အိပ်မက်မဟုတ်မှန်းကျွန်တော်သိတယ်။ပုန်းမနေပါနဲ့အရှင်ရာ။ကျွန်တော်…ကျွန်တော်တောင်းပန်ပါတယ်။ဒီနေ့မှအရှင်ရောက်မလာရင်……သားကောကျွန်တော်ကောသေလိမ့်မယ်အရှင်ရဲ့။ကျွန်တော်သေရဲပေမဲ့သားကငယ်သေးတယ်……

အရွင္(master)Место, где живут истории. Откройте их для себя