46

8.9K 990 26
                                    

အရှင်(master)
အပိုင်း-၄၆

မင်းကြီးpark byunတိုင်းပြည်မှာ စခန်းချဖို့အားလုံးပြင်ဆင်ပြီးတာနဲ့ စစ်သည်တွေနှင့် အတူစခန်းသစ်ကို ချီတက်ဖို့ပြင်ဆင်သည်။byun chanbaeလေးကို ချီပြီးထွက်လာတော့ မင်းကြီးpark byunအနားကို ပြေးသွားလိုက်ပြီး chanbaeကိုပြောင်းချီလိုက်သည်။Luhanကတော့ အထုပ်လေးဆွဲပြီး sehunနောက်ကနေပါလာသည်။

byun:အရှင်.သားကိုကျွန်တော့်ကိုပေးလေ

park:ကိုယ်နဲ့အတူသွားရအောင်byun

byun:ဖြစ်ပါ့မလား

byunပြောပြီးတန်းစီရပ်နေတဲ့စစ်သည်တွေကိုကြည့်လိုက်သည်။အားလုံးဟာချပ်ဝတ်တန်ဆာအပြည့်နှင့်ခရီးနှင်ဖို့အဆင်သင့်ဖြစ်နေကြပြီ။သွားမဲ့သူတွေထဲမှာbyunရယ်၊Luhanရယ်နဲ့chanbaeကလွဲရင်ကျန်တဲ့သူတွေအားလုံးကသံချပ်ကာတွေဝတ်ထားတာကြောင့်byunတို့သုံးယောက်မှာပျောက်နေသည်။

park:ဘာလို့လဲbyunရဲ့

byun:ဒီအတိုင်း……ကျွန်တော်သက်သက်လိုက်လာခဲ့ပါ့မယ်

park:ကိုယ်စိတ်မချဘူးbyun

byun:အရှင်

park:လာ……

မင်းကြီးpark byunကိုလက်ကမ်းပေးပြီးမြင်းပေါ်တက်ခိုင်းလိုက်သည်။ထို့နောက်chanbaeကိုပါခေါ်တင်ပြီးသားဖသုံးယောက်ရှေ့ကနေထွက်လာခဲ့သည်။Luhanကတော့sehunရင်ခွင်ထဲမှာမြင်းစီးရင်းပါလာသည်။

မင်းကြီးpark sehunကိုစခန်းချဖို့အတွက်တာဝန်ပေးလိုက်ပြီး သူကbyunနဲ့chanbaeကိုခေါ်ပြီး သုံးယောက်အတူတောင်ပေါ်တက်လာသည်။ဒီနေရာမှာတော့ နယ်ခံဖြစ်တဲ့byunက အားလုံးကိုရှင်းပြနေသည်။မင်းကြီးparkကလည်း သာမန်ဝတ်စုံလေးနဲ့chanbaeလေးကိုချီထားပြီး byunပြောသမျှအားလုံးကို နားထောင်နေသည်။မသိရင်ခရီးသွားလိုလို…ဘာလိုလို……

byun:အရှင်သိလား……ဟိုးးရှေ့ကတောင်ကလေထိပ်ဆုံးထိတက်နိုင်တဲ့သူမရှိသေးဘူးတဲ့

byunဟန်နိုင်ငံဘက်ကတောင်တစ်ခုကိုbyunလက်ညှိုးထိုးပြီးပြောလိုက်သည်။မင်းကြီးparkကြည့်လိုက်တော့မြင်မားလွန်းလှတောင်ကြီးတစ်ခု……အဝေးကနေတောင်ထင်းနေအောင်မြင်နေရသည်။

အရှင်(master)Where stories live. Discover now