58(unicode)

1.5K 126 1
                                    

အရှင်(master)
အပိုင်း-၅၈

မင်းကြီးpark သင်တန်းသားဆောင်ကို ရောက်သွားတော့ chanbaeက အပြစ်ပေးခုံပေါ်မှာ မှောက်ရက်လှဲနေကာ အရိုက်ခံနေသည်။မင်းကြီးparkဒေါသထောင်းခနဲ ထွက်သွားသည်။

park:ဒါကဘာလုပ်နေကြတာလဲ

'မင်း...မင်းကြီး'

ရုတ်တရက်ကြီးရောက်လာတဲ့အပြင် ဒေါသသံနဲ့ပြောလိုက်တဲ့ မင်းကြီးparkကြောင့် အားလုံးအထိတ်အလန့်ဖြစ်ကုန်သည်။

chanbae:ခ...မည်း...တော်

နဖူးအပြင်မျက်နှာလေးမှာပါ ချွေးတွေစိုရွှဲနေကာ ပါးလေးနှစ်ဖက်ကယောင်နေတဲ့အပြင် အရိုက်ခံနေရတာကြောင့် chanbae အသံသိပ်မထွက်ချင်တော့......

park:သား

မင်းကြီးpark စိတ်မကောင်းစွာ ခေါ်လိုက်မိသည်။ပြီးတော့ သူကိုယ်တိုင်chanbaeကိုထူစေပြီး ပွေ့ချီလိုက်သည်။

park:ဒီမှာရှိနေတဲ့လူတွေအားလုံးခြေတစ်လှမ်းတောင်ရွေ့ဖို့မစဉ်းစားနဲ့

မင်းကြီးparkအမိန့်ပေးခဲ့ပြီး chanbaeကိုခေါ်ကာ အဆောင်ကိုပြန်လာခဲ့သည်။

park:သမားတော်wuကိုချက်ချင်းခေါ်လာခဲ့

'ဟုတ်ကဲ့မင်းကြီး'

အစိမ်းဝတ်နဲ့အထိန်းတော်ကြီးမှာ မင်းကြီးအမိန့်ကြောင့် ချက်ချင်းပင် သမားတော်အဆောင်သ့ိုပြေးသွားသည်။

park:ဘာမှမဖြစ်ဘူးနော်သား။ခမည်းတော်ရှိတယ်

chanbae:paက......paက......မကောင်းဆိုးဝါးမဟုတ်ဘူးမလားဟင်

မင်းကြီးparkရဲ့လည်ပင်းလေးကိုဖက်တွယ်ထားကာ ငိုရင်းမေးလာတဲ့chanbaeကြောင့် မင်းကြီးparkကြောင်သွားသည်။

park:byunကဘာလို့မကောင်းဆိုးဝါးဖြစ်ရမှာလဲ။သား...ဘာတွေပြောနေတာလဲ

chanbae:သူတို့...သူတို့ကလေ...paကို မကောင်းဆိုးဝါးတဲ့။သားကိုလည်းမိစ္ဆာတဲ့...

chanbaeစကားကြောင့် မင်းကြီးpark chanbaeရန်ဖြစ်ရတဲ့အကြောင်းအရင်းကို သိသွားသည်။

park:ခမည်းတော်ဖြေရှင်းပေးမှာမို့လို့သားစိတ်မပူနဲ့တော့နော်

အရွင္(master)Where stories live. Discover now