အရှင်(master)
အပိုင်း-၆၀'ထွက်သွားချင်ဘူး'
'paနဲ့မခွဲချင်ဘူး'
byun သူ့မျက်စိရှေ့မှာရပ်နေတဲ့ ကလေးမလေးနှစ်ယောက်ကိုကြည့်ရင်း ငိုနေသည်။သူလက်လှမ်းမှီသလောက် ပြေးဆွဲနေပေမဲ့ ကလေးတွေက သူနဲ့ဝေးရာကို သူ့ထက်မြန်သောအမြန်နှုန်းဖြင့် ပြေးသွားနေသလိုခံစားရသည်။အလွန်ချစ်စရာကောင်းပြီး ချောမောသောအမွှာလေးနှစ်ယောက် လက်လေးဆွဲကာငိုယိုနေကြသည်။
byun:တောင်းပန်ပါတယ်။paမကာကွယ်နိုင်လို့ပါ………သမီးတို့ကိုကောင်းကောင်းကာကွယ်ပေးနိုင်မဲ့ဆီကိုသွားကြပါ
'pa!!!'
'pa!!!စောင့်နေမှာ………နောက်နှစ်ပေါင်းဘယ်လောက်ပဲကြာကြာpaပဲပြန်လာခဲ့မှာ'
byun:ကလေးတွေရယ်
byun အလင်းတန်းနဲ့အတူပျောက်ကွယ်သွားသော ကလေးတွေကိုကြည့်ရင်း ဒူးထောက်ကျသွားသည်။
byun:မသွားစေချင်ဘူး……မသွားပါနဲ့!!!
byunရင်ဘက်ကိုထုရိုက်ရင်း ငိုနေမိသည်။ရင်ဘက်က တင်းကျပ်မှုနဲ့အတူ နာကျင်မှုတွေက နဲနဲလေးတောင် ပြေလျော့မသွားပေ။
byun:အရှင့်ကလေးလေးတွေ……အရှင်အရမ်းလိုချင်နေတဲ့ကလေးလေးတွေက……အမွှာလေးတွေတဲ့လား။တောင်းပန်ပါတယ်အရှင်……ကျွန်တော့်ကြောင့်……ကလေးလေးတွေထွက်သွားခဲ့ပြီ
~~~~~~~~~~
park:byun
မင်းကြီးpark byunလက်လေးကိုကိုင်ရင်း byunမျက်နှာလေးကိုကြည့်နေတုန်း byunကရုတ်တရက်ငိုလာသည်။နာကျင်စွာငိုကြွေးနေပုံက သူ့ဆီကိုပါ ကူးစက်လာသည်။byunသတိလစ်နေတာ တစ်ပတ်ကျော်သွားပြီ။
park:byun
မင်းကြီးpark byunကိုလှုပ်နှိုးလိုက်သည်။အပြင်လောကတစ်ခုတည်းက byunကို ငိုကြွေးစေရုံတင်လုံလောက်ပြီမို့လို့ အိပ်မက်ထဲထိငိုကြွေးအောင်တော့ လိုက်မနှောင့်ယှက်ကြပါနဲ့။
park:byun
မင်းကြီးparkရဲ့ နောက်ဆုံးနှိုးခြင်းဟာ byunကိုနိုးထစေခဲ့သည်။
park:byun……byunသတိရပြီလား
ရက်ပေါင်းများစွာအိပ်ပျော်နေခဲ့တဲ့byunဟာ အသံသေးသေးလေးထွက်ဖို့တောင် မနည်းအားယူပြောနေရသည်။မင်းကြီးpark ကြွေပန်းကန်လေးတစ်လုံးထဲက ရေကိုမော့သောက်စေလိုက်သည်။ထို့နောက် byunကိုသူ့ရင်ခွင်ထဲမှီစေသည်။
YOU ARE READING
အရှင်(master)
Fanfictionbyunသည် မင်းကြီးparkသတ်မှ သေမည့်ကံဇာတာဆိုလျှင်.........မင်းကြီးparkကိုအသေသတ်ခဲ့သည်က byunကိုချစ်သောစိတ်ပင်......... byunသည် မင်းကြီးparkသတ်မှ သေမည့်ကံဇာတာဆိုလျှင်.........မင်းကြီးparkကိုအသေသတ်ခဲ့သည်က byunကိုချစ်သောစိတ်ပင်......... by အရွင္(master) #c...