အရှင်(master)
အပိုင်း-၉'ကိုယ်လုပ်တော်byunအခစားဝင်ပါတယ်မိဖုရားကြီး'
မိဖုရားကြီး:ဝင်လာခိုင်းလိုက်
'ဟုတ်ကဲ့မိဖုရားကြီး'
byunအခန်းထဲဝင်လာတော့ချယ်ရီပွင့်တို့ပန်းရောင်တို့ကို လှပစွာခြယ်သထားသောပန်ချီကားချပ်ရဲ့ရှေ့မှာ အစိမ်းရောင်ရွှေချည်ထိုးဝတ်စုံနဲ့အတူချောမောလှပသော မိဖုရားကြီး။မိဖုရားကြီးဆိုတဲ့ဂုဏ်ပုဒ်အတိုင်းမြင်ရသူရှိန်သွားလောက်စေတဲ့ဟန်ပန်အပြည့်ရှိသည်။သူ၏အလှသည်ချောမောသည်ထက် ခမ်းနားလွန်းသည်ဟုဆိုရမည်။
မိဖုရားကြီး:လာထိုင်လေကိုယ်လုပ်တော်byun
byun:ဟုတ်ကဲ့
ကျွန်းစားပွဲငယ်လေးရဲ့အရှေ့တွင်byunဝင်ထိုင်လိုက်ပြီး
byun:စားပွဲပေါ်လာတင်လိုက်
xiu:ဟုတ်ကဲ့
အနုစိတ်ထွင်းထားသောပန်းကနုတ်တို့နှင့် သေသပ်လှပသောသေတ္တာငယ်တစ်လုံးကိုမိဖုရားကြီးကြည့်လိုက်ပြီး
မိဖုရားကြီး:ဘာတွေလဲ
byun:မီးလင်းပုလဲပါမိဖုရား
မိဖုရားကြီး:မီးလင်းပုလဲ?
byun:ညဘက်ရောက်ရင်အလိုအလျောက်လင်းနေပြီး နေ့ဘက်မှာဆိုရင်တော့နေရောင်ခြည်ကအပူဓာတ်ကိုစုပ်ယူထားတဲ့ပုလဲပါ
မိဖုရားကြီး:တစ်ခါမှတောင်မကြားဖူးဘူး
byun:ဒီပုလဲကတစ်လောကလုံးမှာသုံးလုံးပဲရှိတဲ့ပုလဲပါ။တစ်လုံးကဟန်နိုင်ငံမိဖုရားခေါင်ကြီးဆီမှာရှိပြီးတော့ နောက်တစ်လုံးကတော့အခုမိဖုရားရှေ့မှာတွေ့နေရတဲ့ပုလဲပါ။နောက်ဆုံးတစ်လုံးကတော့အခုထိရှာမတွေ့သေးပါဘူး
မိဖုရားကြီး:ဟုတ်လား
byun:ဟုတ်ပါတယ်
မိဖုရားကြီးကသေတ္တာဘူးလေးကိုတစ်ချက်ကြည့်လိုက်ပြီး byunကိုပြန်ကြည့်ကာ
မိဖုရားကြီး:ဘာကိစ္စရှိလို့ရောက်လာတာလဲ
byun:ဘာကိစ္စမှမရှိပါဘူး။နန်းတော်ရောက်ပြီးကတည်းကမိဖုရားတွေကို မနှုတ်ဆက်ရသေးဘူးထင်လို့လာခဲ့တာပါ
ESTÁS LEYENDO
အရှင်(master)
Fanficbyunသည် မင်းကြီးparkသတ်မှ သေမည့်ကံဇာတာဆိုလျှင်.........မင်းကြီးparkကိုအသေသတ်ခဲ့သည်က byunကိုချစ်သောစိတ်ပင်......... byunသည် မင်းကြီးparkသတ်မှ သေမည့်ကံဇာတာဆိုလျှင်.........မင်းကြီးparkကိုအသေသတ်ခဲ့သည်က byunကိုချစ်သောစိတ်ပင်......... by အရွင္(master) #c...