14(unicode)

2K 181 0
                                    

အရှင်(master)
အပိုင်း-၁၄

byunမနက်ဖြန်န့ဲနောက်နေ့တွေသွားရမဲ့နေရာတွေကိုသေချာလေ့လာနေသည်။မြို့တစ်မြို့နဲ့ကျေးရွာတစ်ရွာနဲ့တစ်ရွာကလဲဝေးလွန်းနေသည်။မင်းကြီးparkပေးထားတဲ့အချိန်နဲ့လောက်အောင်သူသွားနိုင်မှအဆင်ပြေမည်။မဟုတ်ရင်မင်းကြီးparkအတွက်လူယုံလျော့သွားပေလိမ့်မည်။

ပြတင်းပေါက်ပိတ်ထားတာကြောင့်ဝါကျင့်ကျင့်ဖယောင်းတိုင်လေးဟာငြိမ်သက်စွာတောက်လောင်နေသည်။ဖယောင်းတိုင်လေးရဲ့လောင်ကျွမ်းမှုကြောင့်အမဲရောင်မီးခိုးအမျှင်တန်းလေးတွေကမီးစွယ်လေးရဲ့ထိပ်ဖျားကနေလွတ်လပ်စွာပြေးတက်နေကြသည်။ဖယောင်းမီးရဲ့လောင်ကျွမ်းမှုညော်နံ့ဟာလည်းအခန်းထဲ၌အနည်းငယ်ရှိနေသည်။

သို့သော်byunကတော့ဒါတွေကိုသတိထားမိပုံမပေါ်ပေ။သူ့ခေါင်းထဲမှာရှိတာကမင်းကြီးparkအတွက်ပဲဖြစ်သည်။

ရုတ်တရက်မီးစွယ်လေးလှုပ်ယမ်းသွားတာကြောင့်byunအခန်းတံခါးဆီ်ကြည့်လိုက်တော့xiuminကညလယ်စာအတွက်သရေစာပန်းကန်လေးကိုင်ပြီးဝင်လာသည်။

min:ကိုယ်လုပ်တော်byun.မအိပ်သေးဘူးလား

byun:ဒီဟာလေးအပြီးသတ်ချင်လို့

min:၁၂နာရီကျော်နေပြီ။တစ်နေကုန်လည်းပင်ပန်းထားတာ။အိပ်ပါတော့လား

byun xiuminကိုခပ်ရေးရေးလေးပြုံးကာလှည့်ကြည့်လိုက်ပြီး

byun:အိပ်ချင်ရင်သွားအိပ်တော့လေ။ကျွန်တော်ခနတော့နေဦးမယ်

min:မအိပ်ချင်ပါဘူးဗျာ။ကျွန်တော်ကကိုယ်လုပ်တော်byunပင်ပန်းနေလို့ပြောတာပါ။အပြင်မှာဘယ်ကသူတွေမသိရောက်နေတာကိုကျွန်တော်ကအိပ်စရာလား

xiumin byunရဲ့စားပွဲလေးပေါ်ပန်းကန်လေးတင်ပြီးတင်ပျဉ်ခွေချိတ်ထိုင်ချရင်းပြောလိုက်တော့

byun:ဘယ်သူတွေရောက်နေလို့လဲ

min:မသိပါဘူး။မိန်းကလေးတွေမို့လိုစောင့်ကြည့်နေတာ။ယောကျာ်းလေးသာဆိုရင်သတ်ပြီးတာကြာနေပြီ

byun:မိန်းကလေးတွေလား

min:ဟုတ်တယ်

byun:ထားထားလိုက်။သူတို့ကbyunတို့ကိုအန္တရာယ်မပြုပါဘူး။အဲ့သူတွေကbyunနိုင်ငံကမိန်းကလေးစစ်သည်တွေပါ

အရွင္(master)Where stories live. Discover now