66(unicode)

1.5K 125 2
                                    

အရှင်(master)
အပိုင်း-၆၆

စာကြည့်ဆောင်တွင်ဖြစ်၏။မင်းကြီးparkရုတ်တရက်ရောက်လာပြီးအထူးအဆန်းတွေပြောနေတဲ့byunကြောင့်အံ့သြနေသည်။

park:ရုတ်တရက်ကြီးဘာတွေပြောနေတာလဲbyun

byun:ကျွန်တော်တစ်ကယ်ပြောနေတာအရှင်…ကျွန်တော့်ကိုကြင်ယာတော်ဘွဲ့ပေးပါ

လိုလိုလားလားနဲ့တောင်းဆိုနေတဲ့byunကိုမင်းကြီးparkသေချာကြည့်ပြီး

park:ဘာလို့လဲ

byun:အရှင်!

park:အကြောင်းအရင်းကိုပြောbyun

byun:မိဖုရားလတ်ကြောင့်

byunစကားကြောင့်မင်းကြီးparkမျက်ခုံးပင့်သွားသည်။

byun:chanbaeကို ကပ်ရောဂါဖြစ်အောင် သူလုပ်တာ။သူက byunကိုမကောင်းကြံရုံတင် အားမရလို့ chanbaeကိုပါ အခုမကောင်းကြံနေပြီ။byunမှာသာ ဒီထက်ပိုတဲ့အာဏာတွေရှိနေရင် သူတို့တွေ အလွယ်တကူလုပ်လို့ရမှာ မဟုတ်တော့ဘူး။ပြီးတော့ ဒီကိစ္စမှာက မယ်တော်ကြီးလည်း ပါဝင်နေတယ်။byunကိုယ်ဝန်ပျက်ကျတာလည်း သူတို့လက်ချက်မှန်း byunသိတယ်။တမင်မသိချင်ယောင်ဆောင်နေတာ။ဒါပေမဲ့…သူတို့က ပိုပိုဆိုးလာတယ်။သူတို့မသေမချင်း chanbaeကိုလိုက်ပြီး ဒုက္ခပေးနေမှာ။အဲ့ဒါကြောင့် byunကို ကြင်ယာတော်ဘွဲ့ပေးပါ။မယ်တော်ကြီးနဲ့မိဖုရားလတ်ကိုရှင်းလို့ရအောင် byunကူညီပေးပါ့မယ်

byunရဲ့ရှည်လျားလှတဲ့ရှင်းပြမှုကိုနားထောင်ပြီးတော့မင်းကြီးparkစိတ်ထဲအားရကျေနပ်သွားသည်။သူတို့စီစဉ်ထားတဲ့ကိစ္စဟာbyunသာပါဝင်လာရင်ပြီးနေပြီ။နောက်ပြီးကိုယ်ဝန်ကိစ္စပါbyunသိထားပြီးဖြစ်တာကြောင့်မင်းကြီးparkပြောမနေတော့ဘဲလိုရင်းကိုသာရောက်အောင်ဆက်သွားနေသည်။

park:byunကိုကြင်ယာတော်မြှောက်ဖို့အစီအစဉ်ရှိပေမဲ့အခုမဟုတ်သေးဘူး။အဲ့အစား……တခြားလုပ်စရာတွေရှိနေတယ်

byun:အရှင်ကbyunကိုမယုံကြည်တာလား

park:ဗေဒင်ဟောနေတာမဟုတ်ဘူးbyun။byunကိုယုံပေမဲ့တဖက်ကလူကလည်းလျှော့တွက်လို့မရဘူးလေ။အခုချိန်မှာbyunကိုကြင်ယာတော်မြှောက်လိုက်ရင်ကိုယ့်ရဲ့အာဏာအတွက်ထိခိုက်မှုရှိလာလိမ့်မယ်

အရွင္(master)Where stories live. Discover now