အရှင်(master)
အပိုင်း-၅၅မင်းကြီးpark byunရှိတဲ့အခန်းတံခါးကိုဆောင့်ဖွင့်လိုက်သည်။ဝုန်းဆိုတဲ့မြည်သံဟာကျယ်လောင်သွားပေမဲ့အခန်းထဲမှာအရူးမီးဝိုင်းသလိုဖြစ်နေတဲ့byunကိုတော့မလန့်စေခဲ့………
byun:အ…အရှင်…သား.……
'ခွပ်!!!'
မင်းကြီးparkရဲ့အရှိန်ပြင်းပြင်းလက်သီးချက်ဟာbyunမျက်နှာပေါ်ကျရောက်ခဲ့တာကြောင့်byunကြမ်းပြင်ပေါ်လဲကျသွားသည်။တစ်ကိုယ်လုံးရေတွေစိုနေကာတုပ်ထားတဲ့ကြိုးတွေကိုဘယ်လောက်တောင်ရုန်းခဲ့မှန်းမသိပေမဲ့byunရဲ့အဝတ်အစားနဲ့လက်ကောက်ဝတ်တိုက်မှာသွေးတွေစို့နေလေသည်။လက်မောင်းကဒဏ်ရာကလည်းသွေးတွေအတော်ထွက်ထားပုံရသည်။
park:byunရာ…ငါမင်းကိုအတန်တန်တားတဲ့ကြားက……
မင်းကြီးparkမကြိတ်နိုင်မခဲနိုင်ရေရွတ်လိုက်တဲ့အပြင်byunကိုတော်တော်လေးစိတ်တိုနေသည်။
byunကလည်းဒူးလေးထောက်ရင်းမင်းကြီးparkအနားသွားလိုက်ပြီးမင်းကြီးparkလက်ကိုဆွဲကာ
byun:အရှင်…သားကိုကယ်ပါဦးအရှင်။သား…သားဘယ်ရောက်နေလဲမသိဘူး။ကျွန်တော်…ကျွန်တော်အရမ်းစိတ်ပူတာပဲ။သားလေး…သားလေးရေစီးထဲပါသွားရင်ဘယ်လိုလုပ်မလဲဟင်။အရှင်!!တစ်ခုခုလုပ်ပါဦး
park:မင်းကပဲ သားအတွက်ပူနေသေးတယ်နော်။သားအခုလိုဖြစ်ရတာ ဘယ်သူ့ကြောင့်လဲ…သေချာစဉ်းစား!!ငါမင်းကိုမတားခဲ့ဘူးလား။ငါ့အလုပ်တွေကိုဝင်မရှုပ်နဲ့လို့!! byun…မင်းဟာလေ ဘယ်တုန်းကမှစကားနားမထောင်ဘူး။မင်းက ပိုတော်တယ်၊ ပိုတတ်တယ်၊ ဉာဏ်ပိုကောင်းတယ်ဆိုပြီး အားလုံးကိုဆရာကြီးလုပ်ချင်နေတာ။မင်းယောက်ျားင့ါကိုလည်းခပ်ညံ့ညံ့အကောင်လို့ပဲထင်နေတာမဟုတ်လား
byun:မဟုတ်ရပါဘူးအရှင်ရယ်။ကျွန်တော်ကအရှင့်ကိုကူညီပေးချင်ရုံပါ။ဒါပေမဲ့ဒီတစ်ခေါက်ကလူတွေအများကြီးရဲ့အသက်နဲ့ဆိုင်နေတော့………ကျွန်တော်လည်းပူထူသွားတာပါ။ကျွန်တော်တောင်းပန်ပါတယ်နော်။သားကိုရှာပေးပါဦး
park:အေး……အဲ့ဒီလူအများကြီးကိုလည်းမင်းမကယ်နိုင်တဲ့အပြင်မင်း သားအသက်ကိုပါပေးလိုက်ရပြီဆိုတာသိလား!!ဟာကွာ!!
ESTÁS LEYENDO
အရှင်(master)
Fanficbyunသည် မင်းကြီးparkသတ်မှ သေမည့်ကံဇာတာဆိုလျှင်.........မင်းကြီးparkကိုအသေသတ်ခဲ့သည်က byunကိုချစ်သောစိတ်ပင်......... byunသည် မင်းကြီးparkသတ်မှ သေမည့်ကံဇာတာဆိုလျှင်.........မင်းကြီးparkကိုအသေသတ်ခဲ့သည်က byunကိုချစ်သောစိတ်ပင်......... by အရွင္(master) #c...