8

10.6K 858 31
                                    

အရှင်(master)
အပိုင်း-၈

wu:စိုးရိမ်စရာမရှိတော့ပါဘူးမင်းကြီး

အပြာရောင်ဝတ်စုံနဲ့အဖြူရောင်ဝတ်စုံကိုဝတ်ထားသောနန်းတွင်းသမားတော်wuရဲ့စကားကြားမှ
မင်းကြီးparkသက်ပြင်းချလိုက်တော့သည်။သူစိတ်ပူနေခဲ့တာ...sehunသာတစ်ခုခုဖြစ်သွားရင်သူ့ကိုယ်သူခွင့်လွှတ်မှာမဟုတ်ဘူး။

သမားတော်wuရဲ့စကားကြောင့်မင်းကြီးparkစိတ်အေးသွားပေမဲ့ မအေးပဲမျက်လုံးပြူးပြီးအံ့သြနေတာကLuhan။ဒီအဆိပ်ဟာသောက်ပြီးမိနစ်ပိုင်းအတွင်းမှာတင်ပဲသေနိုင်တဲ့အပြင်းစားအဆိပ်တစ်မျိုးဖြစ်သည်။ဒါကိုsehunကမသေဘူးဆိုတော့......

Lu:မဖြစ်နိုင်တာ

sehunအခန်းဝရဲ့တံခါးပေါက်မှာဒူးထောက်နေတဲ့ Luhanဆီကအသံထွက်လာတော့ မင်းကြီးpark ခနဲ့တဲ့အပြုံးတစ်ခုနဲ့အတူLuhanအနားကိုလျှောက်သွားလိုက်ပြီးLuhanရှေ့တွင်ဒူးတစ်ဖက်ထောက်ထိုင်လိုက်ကာ

park:ငါကညီတော့်ကိုအလွယ်တကူသေခိုင်းမယ်ထင်နေတာလား ကိုယ်လုပ်တော်han

မင်းကြီးparkရဲ့ကိုယ်လုပ်တော်ဆိုတဲ့စကားကြောင့် Luhanစူးစူးရဲရဲပြန်ကြည့်လိုက်တော့

park:လက်မခံချင်လဲလက်ခံရမှာပဲကိုယ်လုပ်တော်han။မင်းကတစ်ကယ်လူပါးဝတဲ့သူပဲ။င့ါတိုင်းပြည်မှာလည်းနေတယ်။ငါ့ညီတော်ကိုလည်းသတ်ဖို့ကြံတယ်။မင်းဟာလေအသက်ရှင်နေဖို့မကောင်းဘူး

Lu:ငါကရောအသက်ရှင်ချင်နေလို့လား? ပြီးတော့ငါကဂိုလျောမှာနေချင်တဲ့သူမဟုတ်ဘူး။ခင်များသာမခေါ်လာခဲ့ရင်အိမ်ရှေ့စံမင်းသားလည်းဒီလိုဖြစ်မှာမဟုတ်ဘူး

park:အဲ့တော့ငါ့အမှားလို့ဆိုလိုချင်တာလား?
ဒီမှာxiao Lu hanမင်းဂိုလျောမှာမနေချင်ရင် ဘာလို့စစ်ရှုံးအောင်တိုက်သေးလဲ။နိုင်အောင်တိုက်ပါလား။မင်းရှုံးလို့မင်းညီတော့်ဆီလက်ဆောင်ပေးခံရတာလေ။မင်းသဘောပေါက်သင့်တယ်

Lu:ခင်များကအခွင့်ရေးသမားလေ။ငါတို့စစ်သည်တွေအဆင်မပြေတာသိရက်နဲ့ဝင်တိုက်တာ။ခင်များဟာအောက်တန်းကျတဲ့သူ

park:မင်းကပဲတုံးလွန်းတာလားLuhan။စစ်တိုက်တယ်ဆိုမှတော့ကိုယ်ကနိုင်ချင်တာပေါ့။အဲ့ဒါကြောင့်မင်းတို့စစ်သည်တွေအားနည်းနေတဲ့အချိန်တိုက်ရတာလေ။မင်းပြောတဲ့အတိုင်းဆိုရင်ငါကပဲမင်းတို့စစ်သည်တွေ အားပြန်ရှိလာတဲ့အချိန်မှတိုက်ရမှာလား

အရှင်(master)Donde viven las historias. Descúbrelo ahora