68

6.8K 780 152
                                    

အရှင်(master)
အပိုင်း-၆၈

အလွန်ဆင်းရဲသောကျေးရွာတစ်ခုဖြစ်တာကြောင့်လူနေအိမ်တွေပင်လူတက်တာနှင့်ပြိုကျနိုင်သည့်အနေအထားရှိသည်။အများစုကသက်ကြီးရွယ်အိုတွေသာဖြစ်ပြီးကလေးတွေနှင့်မိခင်တွေသာများသည်။ယောကျာ်းသားတွေကတော့လယ်ထဲသွားကြပြီနှင့်တူသည်။

shin yaနှင်ထုတ်ခံခဲ့ရသည့်အပျိုတော်၏ဇစ်မြစ်ကိုလိုက်ရမှာဤကျေးရွာသို့ရောင်ခဲ့ခြင်းဖြစ်သည်။မြို့တော်နှင့်အရမ်းမဝေးပေမဲ့အမတ်တွေသို့မဟုတ်အာဏာရှိသူတစ်ဦးဦးကအပြင်းအထန်ဖုံးကွယ်ထားခြင်းကြောင့်သာဤကျေးရွာအကြောင်းနန်းတော်အတွင်းသို့ရောက်မလာခြင်းဖြစ်သည်။

ပြီးတော့သွားလာရေးလည်းခက်ခဲသည်။လူသွားလမ်းဆိုတာထက်ဤရွာကိုလာသည့်လမ်းမှာလမ်းဟုပင်မခေါ်နိုင်အောင်မြက်တွေခြုံနွယ်တွေပေါများသည်။ပြီးတော့ရွာပတ်ပတ်လည်တွင်လည်းသစ်ပင်ကြီးများကထူပြောစွာရှိနေကာတမင်တကာကာရံထားသလိုဖြစ်နေသည်။လမ်းမသိတဲ့လူသာဆိုရင်တောအုပ်ထင်ပြီးလှည့်တောင်ကြည့်မည်မဟုတ်ပေ။

မြေပြင်တွင်ဆော့နေသောတချို့ကလေးများနှင့်မိန်းကလေးအများစုကshin yaကိုအထူးအဆန်းလိုမျိုးကြည့်နေကြသည်။

shin yaသူဝတ်ထားသောအဝတ်တွေကိုပြန်ကြည့်မိသည်။ယောကျာ်းလေးဝတ်အဝတ်ကအရမ်းတောက်တောက်ပြောင်ပြောင်ကြီးမဟုတ်ပေမဲ့သူ့ဟာနှင့်သူတော့ကြည့်ကောင်းနေသည့်သာမန်အဝတ်အစားပေ။

shin ya:ဘာထူးဆန်းတာရှိလို့လဲ

shin yaအရင်ဦးဆုံးရွာသူကြီးထဲသာသွားဖို့စိတ်ကူးလိုက်သည်။

တစ်ရွာလုံးတွင်အကောင်းဆုံးအိမ်ဟုထင်ရသောအိမ်တစ်အိမ်သို့ဝင်သွားတော့အဖွားအိုကshin yaကိုမျက်မှောင်ကုတ်ကာကြည့်သည်။ထို့နောက်အိမ်ထဲမှာအသက်၆၀လောက်သာရှိဦးမည်ဖြစ်သောအဖိုးအိုတစ်ယောက်ထွက်လာကာ

အဖိုး:ဒီတစ်ကြိမ်ကော…ဘာဖြစ်ပြန်ပြီလဲ

shin ya အဖိုးအိုရဲ့စကားကြောင့်မျက်ခုံးပင့်သွားသည်။

shin ya:ဘာကိုပြောတာလဲဆိုတာကျွန်တော်နားမလည်ဘူး

အဖိုး:ဟန်ဆောင်မနေပါနဲ့။အရင်ကလည်းဒီလိုပဲလာနေကျကို

အရှင်(master)Donde viven las historias. Descúbrelo ahora