39(unicode)

1.8K 135 0
                                    

အရှင်(master)
အပိုင်း-၃၉

နောက်တစ်နေ့

စစ်သူကြီးတွေရဲ့ဗျူဟာတွေကိုမင်းကြီးparkနားထောင်ပြီး

park:စစ်သူကြီးတို့ရဲ့နည်းလမ်းကကောင်းတယ်။ဒါပေမဲ့အဲ့နည်းလမ်းကိုနောက်တစ်ခုမှာသုံးရလိမ့်မယ်။လောလောဆယ်ကသိပ်ပြီးအားမထုတ်ရအောင်လုပ်ထားတာဆိုတော့မြှားတွေအရမ်းသုံးတာကဖြုန်းတီးရာကျတယ်။ပြီးတော့လောင်စာတုံးတွေကိုလည်း ဒီစစ်ပွဲမှာမသုံးဘူး။ဒီစစ်ပွဲမှာဓားတွေလှံတွေပဲသုံးမယ်။မြှားစစ်သည်တော့နည်းနည်းပဲသုံးမယ်

ဂင်ဂျုံးဂု:ဘာလို့လဲမင်းကြီး

park:ဘာလို့လဲဆိုတော့ဒီပွဲကအဓိကပွဲမဟုတ်သေးဘူး။နောက်မှာငါတို့တိုက်ရမဲ့ချီနိုင်ငံရဲ့အကောင်းဆုံးခံတပ်ကြီးကျန်နေသေးတယ်။အဲ့အတွက်အင်အားကိုခြွေတာဖို့အတွက်ညီတော်ပြောတဲ့နည်းလမ်းအတိုင်းလုပ်မှာ။ဒါပေမဲ့စစ်သူကြီးတို့ရဲ့နည်းလမ်းကလည်းအရမ်းကောင်းပါတယ်။ကျန်းရီခံတပ်ကိုတိုက်ရင်ဒီနည်းတွေနဲ့တိုက်ရမှာ

ဂန်ဂယ်ရီ:ဒါကြောင့်ပထမဆုံးမင်းကြီးတို့ရဲ့တိုက်ခိုက်မဲ့စစ်ပွဲကထူးဆန်းနေပါတယ်လို့တွေးနေတာ။လတ်စသတ်တော့ဉာဏ်အားသုံးထားတာပဲ

park:မင်းတို့လည်းတော်ပါတယ်။byunရွေးထားတဲ့သူတွေကမညံ့မှန်းမင်းတို့ဗျူဟာဆွဲထားတာကိုကြည့်တာနဲ့သိသာတယ်။ကြိုးစားပေါ့။နောက်ပွဲတွေကျရင်လည်းမင်းတို့ကိုပဲအားကိုးရမှာ

all:အမိန့်တော်အတိုင်းပါမင်းကြီး

မင်းကြီးpark စစ်သူကြီးတွေရေးဆွဲထားတဲ့ ဗျူဟာစာလိပ်ကိုယူလာပြီး အသေးစိတ်ပြန်ဖတ်နေသည်။ဒီနည်းလမ်းက မြေပြင်ပေါ်မှာတိုက်ရင် နိုင် နိုင်တဲ့အနေအထားမှာရှိပေမဲ့ လက်ရှိအခြေအနေအရ တိုက်ရမဲ့အဓိကနေရာက တောင်တန်းတွေထဲမှာဖြစ်နေသည်။ပိုဆိုးတာက ရန်သူဘက်က အခိုင်မာဆုံးဆိုတဲ့ကျောက်ဒိုင်းကြီးကိုကာထားတာကြောင့် သာမန်ဖောက်ထွင်းရေးပစ္စည်းလေးတွေက ထိုကျောက်နံရံကြီးတွေကို မဖြိုခွဲနိုင်ပေ။အဲ့လိုဆိုတိုင်းလည်း အဲ့နံရံတွေကိုမဖြတ်ဝင်ရရင်လည်း သူတို့ရှုံးနိုင်ချေများနေသည်။

အရွင္(master)Onde histórias criam vida. Descubra agora