31(unicode)

2.2K 178 0
                                    

အရှင်(master)
အပိုင်း-၃၁

byunညနေစောင်းလောက်အထိသွားပြီးတော့ လူသိပ်မဟန်ချင်တော့ပေ။ဘယ်နေရာကို ရောက်နေမှန်းတော့မသိပေမဲ့ နန်းတော်နဲ့တော့ တော်တော်ဝေးနေပြီ။byunသစ်ပင်တစ်ပင်ကို လက်ထောက်ပြီး အမောဖြေနေသည်။ဆာနေတဲ့ဗိုက်ကိုဖြည့်ဖို့အတွက်လည်းတောထဲမှာသဘာဝသစ်သီးတွေရှိမလားဆိုပြီးလိုက်ရှာနေရသေးသည်။

byunရဲ့မောဟိုက်နေတဲ့အသံက အပြင်ကနေတောင် တရှူးရှူးနဲ့ကြားရသည်။ချွေးတွေကလည်း နားထင်ကနေစီးကျနေသည်။byunလက်ခုံလေးနဲ့ စီးကျနေတဲ့ချွေးစက်တွေကို သုတ်လိုက်ပြီး ရှေ့ကိုသာဆက်သွားနေလိုက်သည်။မမှောင်ခင်ဒီတောင်ကိုကျော်ပြီ းတောလမ်းထဲကထွက်ရမည်။ဘယ်လောက်ထိ ရှည်တဲ့လမ်းမှန်းမသိပေမဲ့ လမ်းဆုံးရောက်ရင်တော့ ရွာတစ်ရွာရွာကိုတော့ရောက်နိုင်လောက်သည်။

byunဆက်သွားနေရင်း တစ်နေရာရောက်တော့

'ထူးထူးခြားခြားဓားပြတွေနေတဲ့နေရာကိုတစ်ယောက်တည်းဝင်လာရဲတာဘယ်သူပါလိမ့်'

အနံတစ်ထွာလောက်ရှိမည့် ဓားမကြီးကိုကိုင်ထားပြီး ဝဝဖိုင့်ဖိုင့်နဲ့လူတစ်ယောက်အပြင် သူ့နောက်ကနောက်လိုက်ငါးယောက်ပါတွေ့လိုက်ရသဖြင့် byunလန့်သွားသည်။byunအနောက်ပြန်လှည့်ပြီးပြေးမလို့ပြင်လိုက်ပေမဲ့ နောက်ကျသွားခဲ့ပြီ။အနောက်မှာလည်း ခေါင်းဆောင်ဖြစ်ဟန်ရှိသည့်ခန္ဓာကိုယ်တောင့်တောင့်နဲ့ထိုသူက သူ့နောက်လိုက်သုံးယောက်နဲ့အတူ လမ်းကိုပိတ်ထားလိုက်ကြသည်။

byun:ဘယ်သူတွေလဲ

byunအရိပ်အခြေကြည့်ပြီးမေးလိုက်ပေမဲ့ ကြောက်နေပုံတော့မပြ။ပုံမှန်ဆိုရင်တော့ ဒီလူတွေကိုအသာလေးနိုင်နိုင်ပေမဲ့ အခုအခြေအနေအရကတော့ ထွက်ပြေးရင်တောင် လွတ်မယ်မထင်ပေ………

'ဒီနေရာကဓားပြနေတဲ့တောင်။နာမည်တော့မရှိပေမဲ့ဓားပြတွေချည်းပဲနေလို့ဓားပြတောင်လို့ပဲခေါ်ကြတယ်'

byun:ဒါဆိုခင်များတို့က……

'ဒီနေရာရဲ့ဓားပြခေါင်းဆောင်တွေလေ။တစ်ယောက်တည်းဒီတောင်ကိုဝင်လာတဲ့အပြင်မင်းပုံစံကသာမန်မဟုတ်ဘူးလို့ထင်လို့'

အရွင္(master)Where stories live. Discover now