1(unicode)

5.9K 328 0
                                    

အရှင်(master)
အပိုင်း-၁

ဂိုလျောနိုင်ငံရဲ့ဒုတိယမြောက်မင်းဆက်ဖြစ်တဲ့မင်းကြီးpark chanyeolဟာစစ်ဘုရင်အဖြစ်ကျော်ကြားသည်။နန်းတွင်းကိစ္စအဝဝကိုစီမံဖို့ညီတော်park sehunကိုတာဝန်ပေးထားခဲ့ပြီးနယ်ချဲ့နေတာသုံးနှစ်ပင်ရှိသွားခဲ့ပြီဖြစ်သည်။

လက်ဝဲကိုယ်ရံတော်တပ်မှူးkim kaiရောက်လာပြီးခေါင်းညွှတ်လိုက်ကာ

kai:မင်းကြီးနတ်ဆရာdoရောက်လာပါပြီ

park:ဝင်လာခိုင်းလိုက်

မင်းကြီးparkမြေပုံကိုကြည့်နေရင်းပြောလိုက်တော့

kai:ဟုတ်ကဲ့မင်းကြီး

မင်းကြီးရဲ့ခွင့်ပြုချက်ရတာနဲ့အဖြူအမဲစပ်ဝတ်ထားသောနတ်ဆရာdo kyungsooဝင်လာပြီး

do:မင်းကြီးကိုဂါဝရပြုပါတယ်

park:မြစ်ရဲ့ဒီဖက်ခြမ်းအကုန်ဂိုလျောလက်အောက်ခံဖြစ်ဖို့ကbyunတိုင်းပြည်ပဲကျန်တော့တာနော်။အဲ့ဒါတိုက်လို့ရပြီလား

do:မင်းကြီးကောတိုက်ဖို့အဆင်သင့်ဖြစ်ပါပြီလား။နားဖို့ကောမစဉ်းစားဖူးလား

park:ငါကိုယ်တော်အစကတည်းကပြောပြီးသား။ မြစ်ရဲ့ဒီဖက်ခြမ်းဖြစ်တဲ့ကိုရီးယားမျိုးနွယ်တိုင်းပြည်တွေအားလုံးကိုသိမ်းပြီးမှနန်းတော်ပြန်မယ်လို့။ မြစ်ရဲ့ဟိုဘက်ခြမ်းမှာကဟန်နိုင်ငံနဲ့ချီနိုင်ငံ။အဲ့နိုင်ငံနှစ်ခုကကြီးမားတဲ့အပြင်စစ်သည်အင်အားလည်း တောင့်တယ်။ငါကိုယ်တော်ကတိုက်နိုင်ပေမဲ့ပင်ပန်းနေတဲ့ရဲမက်တွေကတော့မတိုက်နိုင်တော့ဘူး။ ပြီးတော့နှစ်ရှည်လများတိုက်ရမှာဖြစ်တဲ့အတွက် အဲ့ကိစ္စကိုနောက်မှစဉ်းစားမယ်

do:မင်းကြီးတွေးတာမှန်ပါတယ်။အဲ့တိုင်းပြည်တွေကိုတိုက်ဖို့ဆိုရင်မင်းကြီးနဲ့ဇာတာကိုက်ညီမဲ့သူကိုရှာရပါမယ်။အဲ့သူရဲ့အကြံဉာဏ်နဲ့မင်းကြီးရဲ့အကြံဉာဏ်ပေါင်းစည်းမှသာအဲ့တိုင်းပြည်နှစ်ခုကိုနိုင်မှာပါမင်းကြီး

park:ငါကိုယ်တော်တစ်ယောက်တည်းနဲ့မလုံလောက်ဘူးလား

do:မင်းကြီးဟာဘုန်းကံမြင့်မားတဲ့ဘုရင်တစ်ပါးပါ။ဒါပေမဲ့မင်းကြီးရဲ့ဘုန်းကံတွေမကျသွားဘဲ အမြဲတမ်းတည်မြဲစေဖို့အတွက်ပါရမီဖြည့်ဖက်လိုပါတယ်မင်းကြီး

အရွင္(master)Donde viven las historias. Descúbrelo ahora