အရှင်(master)
အပိုင်း-၂၄အမှန်တော့ မင်းကြီးparkရဲ့ တောကစားထွက်တယ်ဆိုတာသည် ဟန်ပြသက်သက်ပေ။မင်းကြီးpark တောကစားထွက်တဲ့ တောင်တွေ၊တောတွေမှာ မင်းကြီးparkရဲ့ လျိုှ့ဝှက်လေ့ကျင့်ပေးထားသော စစ်သည်တွေရှိနေသည်။ပြီးတော့ တိုက်ပွဲကပြန်လာတုန်းက ပါလာတဲ့စစ်သည်တွေကို တခြားနိုင်ငံတွေကိုပို့ခဲ့တယ်ဆိုတာ နည်းနည်းလေးသာဖြစ်ပြီး ကျန်တဲ့သူတွေကတော့ ဒီလျှို့ဝှက်စခန်းတွေမှာ ရှိနေသည်။တမင် နန်းတော်ထဲမှာ စစ်သည်အင်အားနည်းနည်းကိုသာထားပြီး အမတ်တွေရဲ့စစ်သည်တွေကိုလိုချင်လို့ လုပ်ခဲ့တာမှန်ပေမဲ့ လုပ်ပြီးတော့မှ အမတ်တွေရဲ့စစ်သည်တွေကို ဘယ်လိုခေါ်ရမှန်းမသိတာနဲ့ byunဆီက အကြံတောင်းလိုက်တော့ byunက ပင်မတပ်ဖွဲ့ကိုဖွဲ့ခိုင်းခဲ့သည်။တကယ်လည်း အဲ့နည်းလမ်းက အရမ်းအဆင်ပြေခဲ့သည်။အခု မယ်တော်ကြီးနဲ့ ကျန်တဲ့အမတ်တွေရဲ့ လျှို့ဝှက်လေ့ကျင့်ပေးထားတဲ့ ရဲမက်တွေ စုလိုက်ရင်တောင် မင်းကြီးparkရဲ့ရဲမက်တွေ သုံးပုံတစ်ပုံသာရှိသည်။မိန်းကလေးစစ်သည်တွေကလည်း လေ့ကျင့်မှုအားကောင်းတော့ အရမ်းကြီးမဟုတ်ပေမဲ့ တတ်သင့်သလောက်တော့တတ်နေကြပါပြီ။
byun:အရှင်
park:ပြောလေbyun
လေ့ကျင့်ရေးကွင်း ပတ်ပတ်လည်ကိုမြင်နေရသည့် အမြင့်တစ်နေရာကနေ မင်းကြီးparkနဲ့byun လေ့ကျင့်နေသူများကိုကြည့်နေသည်။သစ်သားတုတ်တွေကိုယ်စီကိုင်ကာ ရန်သူစစ်တပ်ကိုအလဲထိုးမဲ့ မိန်းကလေးစစ်သည်တွေ။အရမ်းအသည်းငယ်ပြီး အရမ်းကြောက်တတ်တဲ့ မိန်းကလေးတွေဟာ ဒီလိုရဲရင့်တဲ့အလုပ်ကိုလုပ်မယ်ဆိုတာ ဘယ်သူကတွေးမိမှာလဲ။
park:byunရဲ့အကြံကအရမ်းကိုသုံးဝင်တယ်နော်။သူတို့ကိုသာသေချာလေ့ကျင့်ပေးလိုက်ရင်တော်တော်လေးအသုံးချလို့ကောင်းမှာ
byun:သူတို့ကိုလက်အောက်ငယ်သားလိုအသုံးချဖို့ပဲမတွေးပါနဲ့အရှင်။သူတို့ကိုလေးစားပါ။သူတို့ကအရှင့်ရဲ့အသက်ကိုကာကွယ်ပေးမဲ့သူတွေပါ။သူတို့အသေခံပြီးတော့လေ
park:အဲ့ဒါကသူတို့အလုပ်ပဲမဟုတ်ဘူးလား
byun:အလုပ်ဆိုတာကြောင့်နဲ့တော့ဘယ်သူမှအသက်အသေမခံပါဘူး။အရှင်ဆိုရင်ကောအလုပ်အတွက်ကြောင့်နဲ့အသေခံမှာမို့လို့လား?
DU LIEST GERADE
အရှင်(master)
Fanfictionbyunသည် မင်းကြီးparkသတ်မှ သေမည့်ကံဇာတာဆိုလျှင်.........မင်းကြီးparkကိုအသေသတ်ခဲ့သည်က byunကိုချစ်သောစိတ်ပင်......... byunသည် မင်းကြီးparkသတ်မှ သေမည့်ကံဇာတာဆိုလျှင်.........မင်းကြီးparkကိုအသေသတ်ခဲ့သည်က byunကိုချစ်သောစိတ်ပင်......... by အရွင္(master) #c...