18(unicode)

2.2K 184 1
                                    

အရှင်(master)
အပိုင်း-၁၈

byun doအိပ်ဆောင်ထဲဝင်သွားတော့doကအိပ်ယာပေါ်မှာသတိမေ့နေတုန်း။taoကဘေးကနေစောင့်ကြည့်ပေးနေသည်။

byun:do soo

byun doကုတင်ဘေးနားကသစ်သားထိုင်ခုံလေးမှာဝင်ထိုင်လိုက်ပြီး

byun:do soo ah

tao:ကိုယ်လုပ်တော်byun

byun:ဘယ်နှရက်ရှိပြီလဲ

tao:ဟင်

byun:ဒီလိုဖြစ်နေတာဘယ်နှရက်ရှိပြီလဲလို့

byun doရဲ့လက်ကောက်ဝတ်ကသွေးကြောလေးတွေကိုစမ်းရင်းမေးလိုက်တော့

tao:တစ်ပတ်လောက်တော့ရှိသွားပါပြီ

byunတခြားစစ်စရာရှိတာတွေကိုဆက်စစ်နေတော့မင်းကြီးparkနဲ့သမားတော်wuနဲ့ကတစ်ေ
ာက်မျက်နှာတစ်ယောက်ကြည့်နေကြသည်။

byun:ကန်တော့ပွဲပြင်ရမယ်။ပြီးတော့ကျွန်တော့်အတွက်ဝတ်စုံပြင်ပေးပါ။နတ်နန်းကဝတ်စုံ

tao:ကောင်းပါပြီ

taoပြောပြီးအပြင်ကိုထွက်သွားသည်။

wu:နတ်ဆရာdoကဘာဖြစ်တာလဲ

byun:ဝိဉာဉ်ထိန်းချုပ်ခံထားရတာပါ

byunရဲ့ပြန်ဖြေတဲ့စကားကိုသမားတော်wuကနားမလည်သလိုကြည့်နေတာကြောင့်

byun:ဝိဉာဉ်ထိန်းချုပ်ခံထားရတယ်ဆိုတာကစာပေစကားနဲ့ယဉ်ယဉ်လေးပြောလိုက်တာပါ။အမှန်ကတော့အောက်လမ်းနဲ့ဝိဉာဉ်ကိုဖမ်းထားတာ။အချိန်မှီပြန်မထုတ်နိုင်ဘူးဆိုရင်နတ်ဆရာdoကသေဆုံးခြင်းလဲမရှိတော့ဘဲဒီလိုကြီးအမြဲတမ်းသတိမေ့နေမှာ။ပြီးတော့သူခန္ဓာကိုယ်ထဲကိုမကောင်းတဲ့ဝိဉာဉ်တွေဝင်ပူးသွားနိုင်တယ်။ကြည့်ရတာနတ်ဆရာdoဝိဉာဉ်ကတရားထိုင်နေတုန်းလျှောက်သွားနေတဲ့အချိန်မှာဟိုဘက်ကဖမ်းသွားတာဖြစ်မယ်

park:byun

byun:အရှင်ရောက်နေတာလား

byunမတ်တပ်ရပ်ပြီးဂါဝရပြုဖို့ပြင်လိုက်ပေမဲ့

park:နေ.နေ။ကိုယ်မေးတာကိုပဲအမှန်အတိုင်းဖြေbyun

byun:ဟုတ်ကဲ့အရှင်

အရွင္(master)Where stories live. Discover now