42(unicode)

1.8K 156 0
                                    

အရှင်(master)
အပိုင်း-၄၂

ခေါင်းရင်းပြတင်းပေါက်က လရောင်ကဖြာကျနေသည်။Luhan သူ့နားထဲဓားသံလိုလို ဘာသံလိုလိုအသံတွေ ကြားနေရတာကြောင့် အိပ်မပျော်ဘဲ အိပ်ယာထဲလှိမ့်နေသည်။နဖူးပေါ်လက်တင်ပြီး ခေါင်းရင်းပေါက်ကနေ ကောင်းကင်ဆီမော့ကြည့်လိုက်တော့ ဖြူဖွေးနေတဲ့လပြည့်ဝန်းဟာ သူ့အကြည့်တည့်တည့်ကိုရောက်နေသည်။ဝိုင်းစက်နေသည့်လမင်းသည် Luhanကိုပြုံးပြနေသလို ခံစားလိုက်ရသည်။သူ့ဘေးနားက ကလေးရဲ့ဟိုဘက်မှာအိပ်နေတဲ့byunကိုလှမ်းကြည့်တော့ byunကအိပ်မောကျနေသည်။သူလည်း ကလေးတစ်ယောက်နဲ့အရမ်းပင်ပန်းနေရှာမှာ……။

ဒီနေ့chanbaeလေး ဂျီမကျလို့တော်သေးသည်။အိပ်ခါနီးရင် ကလေးတိုင်းဂျီကျတတ်ကြသည်။အဲ့ထဲမှာမှ chanbaeကအဆိုးဆုံးပင်။တခြားအချိန်တွေသာ Luhanအနားကပ်နေတာ အိပ်ခါနီးရင်တော့Luhanချီဖို့မပြောနဲ့ Luhanမျက်နှာကိုတွေ့ရင်တောင် တိတ်သွားတဲ့အငိုဟာ ပြန်စလာတတ်သည်။အဲ့ဒါကြောင့် သူမအိပ်မချင်း Luhanအိမ်အပြင်ကကွပ်ပျစ်လေးပေါ်မှာ သွားအိပ်သည်။ဒါမှမဟုတ် ဟိုအကြောင်းဒီအကြောင်း sehunအကြောင်းတွေ တွေးနေသည်။အဲ့လိုတွေးရင်း အိပ်ပျော်သွားသည်က များသည်။byunကတော့ chanbaeလေးအိပ်ပျော်မှသာ အိပ်ရသည်။မွေးကာစကဆိုရင် နေ့နဲ့ညမှားလို့ byunအိပ်ရေးပျက်ရပေါင်းမနည်းပေ။ဒီကြားထဲ ပိန်သွားတဲ့byunကြောင့် Luhanအားဖြစ်မဲ့အစားလေးတွေ ချက်ကျွေးရသေးသည်။သူနဲ့ထားမှ byunပိန်သွားပါတယ်ဆိုပြီး မင်းကြီးparkပြဿနာရှာနေမှဒုက္ခ………။

Luhanမင်းကြီးparkအကြောင်းတွေးလိုက်တော့သက်ပြင်းကို လေးလေးပင်ပင် ချလိုက်မိသည်။ပြီးတော့ အိပ်ပျော်နေတဲ့byunရဲ့မျက်နှာလေးကို ကြည့်နေသည်။အေးချမ်းစွာအိပ်ပျော်နေတဲ့byunဟာ သူ့ရင်ထဲကအပူကိုတော့မသိခဲ့ပေ။

Lu pov:တစ်နှစ်ကျော်ပြီhyun။ဒီနေရာမှာပဲမနေချင်တော့ဘူး။မယ်တော်ကြီးတို့တွေသိသွားမှာစိုးရိမ်တယ်။မနက်ဖြန်ကျရင်byunတိုင်းပြည်မှာသွားနေဖို့နားချရမယ်

Luhanမျက်လုံးမှိတ်ပြီးအိပ်ပျော်အောင်သာကြိုးစားလိုက်သည်။သို့သော်တစ်စတစ်စနီးကပ်လာတဲ့သံထည်ချင်းပွတ်တိုက်မှုအသံတွေဟာပိုပြီးကျယ်လောင်လာသလိုခံစားရသည်။

အရွင္(master)Donde viven las historias. Descúbrelo ahora