62(unicode)

1.4K 125 1
                                    

အရှင်(master)
အပိုင်း-၆၂

byunအခန်းငယ်တစ်ခုထဲမှာဒူးလေးပိုက်ပြီးငိုနေသည်။အပယ်ခံဆိုတဲ့အမည်အောက်မှာbyunဟာအရင်လိုပိုးဖဲသားတွေဝတ်ခွင့်မရှိတော့ပေ။ခပ်ကြမ်းကြမ်းအဝတ်ဖြူတစ်စုံကိုသာဝတ်ထားသည်။

byunရဲ့လက်တွေဟာအဝတ်တွေလျှော်ရလွန်းလို့ပေါက်ပြဲနေသည်။တစ်နေ့ထက်တစ်နေ့များများလာတဲ့အဝတ်တွေဟာနန်းတွင်းတစ်ခုလုံးတင်မကသလိုပင်။

မိဖုရားလတ်ရဲ့လူတွေနှိပ်စက်မှုကြောင့်လဲbyunရဲ့မျက်နှာဟာညိုမဲနေသည်။ထပ်ပြီးတော့ဒီလိုဒုက္ခမျိုးကိုဘယ်လောက်တောင်များခံစားရဦးမလဲ………

မိဖုရားလတ်:ဟက်……ငိုနေတဲ့ပုံကလည်း……မိန်းမလိုမိန်းမရနဲ့

byunမိဖုရားလတ်ကိုbyunစူးစူးရဲရဲပြန်ကြည့်လိုက်သည်။

မိဖုရားလတ်:ဘာလဲ။အမှန်တွေပြောလိုက်လို့နာသွားတာလား

မိဖုရားလတ်ရဲ့အပြုံးတွေဟာbyunမျက်လုံးထဲမှာတော့အမြင်ကတ်စရာကောင်းလွန်းနေသည်။

မိဖုရားလတ်:ရှင်က……မှားပြီးမွေးဖွားလာတဲ့သန္ဓေဆိုးတစ်ခုပဲ

byun:အဲ့သန္ဓေဆိုးကိုပဲကြောက်နေတာဘယ်သူလဲ

မိဖုရားလတ်:ငါ့ကိုများပြန်ပြောရဲတယ်

'ဖြောင်း!!'

byunစိတ်တိုလာကာနှုတ်ခမ်းကိုတစ်ချက်ကိုက်လိုက်ပြီးထပ်ရိုက်တော့မဲ့မိဖုရားလတ်လက်ကိုဖမ်းဆွဲလိုက်သည်။

မိဖုရားလတ်:ဘာလုပ်တာလဲ!!လွှတ်စမ်း!!!

'ဖြောင်း!!!'

မိဖုရားလတ်လဲကျသွားသည်။byunဘယ်တောင်အားထည့်ရိုက်လိုက်လဲမသိ။လဲကျသွားတဲ့မိဖုရားလတ်ပါးပြင်ဟာလက်ငါးချောင်းရာထင်းသွားခဲ့သည်။

byun:နင့်လိုမိန်းမတစ်ယောက်ကငါ့ပါးကိုရိုက်ရလောက်တဲ့အထိအဆင့်ရှိလို့လား

byunလက်သီးကိုတင်းကြပ်နေအောင်ဆုပ်ထားသည်။အရှင့်အပေါ်မထွက်ချင်တဲ့ဒေါသတို့ဟာမိဖုရားလတ်အပေါ်ကျရောက်သွားပြီထင်ပါရဲ့။

byun:မင်း……

ရုတ်တရက်ဝင်လာသောကိုယ်ရံတော်တစ်ချို့ကိုbyunအံ့သြစွာကြည့်လိုက်သည်။ကိုယ်ရံတော်တွေကbyunကိုချုပ်ထားပြီးမိဖုရားလတ်ကbyunရှိရာကိုလျှောက်လာသည်။

အရွင္(master)Wo Geschichten leben. Entdecke jetzt