51

7.4K 915 67
                                    

အရှင်(master)
အပိုင်း-၅၁

မင်းကြီးparkတိုက်ပွဲဖြစ်ခဲ့တဲ့နေရာကိုရောက်သွားတော့အားလုံးဟာသုတ်သာန်တစ်စပြင်အလား......သွေးစိမ်းနီနီတွေနဲ့မရှုမလှသေဆုံးနေခဲ့သောဂိုလျောရဲမက်တွေ။ဂိုလျောအလံဟာမီးကျွမ်းနေခဲ့ပြီ......

park:ညီတော်...ညီတော်!!!

မင်းကြီးparkသေဆုံးနေတဲ့ရဲမက်တွေကြားထဲမှာsehunကိုလိုက်ရှာနေသည်။

'မင်း...မင်းကြီး'

မင်းကြီးparkသူ့ကိုခေါ်လိုက်တဲ့စစ်သည်ကိုသွားပွေ့လိုက်တော့

'အိမ်ရှေ့စံကိုဖမ်းခေါ်သွားကြတယ်မင်းကြီး'

park:ဘာပြောတယ်

'ဓားစာခံအဖြစ်ထားမလို့တဲ့'

park:ဒါဆိုသူတို့ညီတော့်ကိုမသတ်လောက်သေးဘူး။မင်းအဆင်ပြေရဲ့လား။တခြားအသက်ရှင်လျက်ဖမ်းခေါ်သွားတဲ့သူရှိသေးလား

'ကိုယ်ရံတော်တပ်မှူးနဲ့လက်ထောက်စစ်သူကြီးကိုပါဖမ်းခေါ်သွားပါတယ်'

park:အသက်ရှင်တဲ့သူရှိမရှိစစ်ဆေးလိုက်။သေဆုံးသွားတဲ့သူတွေကိုကောင်းကောင်းသဂြိုဟ်ပေးလိုက်။မိသားစုဝင်တွေကိုလည်းထောက်ပံ့ကြေးပေးလိုက်

'အမိန့်တော်အတိုင်းဆောင်ရွက်လိုက်ပါ့မယ်မင်းကြီး'

မင်းကြီးparkသူ့မနီးမဝေးမှာမြင်နေရတဲ့ယန်းချန်းမြို့ကိုကြည့်လိုက်ပြီး

park:ငါ့ကိုစမ်းတယ်ပေါ့.........တွေ့ကြသေးတာပေါ့။ငါမင်းတို့မြို့ကိုဘယ်လိုသိမ်းပိုက်ပြီးဘယ်လိုဖျက်စီးပစ်မလဲဆိုတာစောင့်ကြည့်လိုက်

မင်းကြီးparkရဲ့မျက်လုံးဟာလေဟုန်မှာပျံလွှားပြီးသာကောင်ကိုစောင့်ဖမ်းနေတဲ့သိမ်းငှက်နဲ့တူသည်။သားကောင်ကိုမိသွားရင်လည်းထိုသားကောင်ကိုတစစီဆွဲဖြဲပြီးအစိမ်းလိုက်ဝါးမြိုမည့်အသွင်ပေါက်နေသည်။

~~~~~~~~

krisနဲ့taoမင်းကြီးတို့ပြန်အလာကိုစောင့်နေကြသည်။သူတို့ကြားခဲ့ရတဲ့သတင်းကိုမယုံနိုင်ပေ။သမိုင်းတစ်လျှောက်အရှုံးမရှိခဲ့တဲ့မင်းကြီးparkဟာအခုတော့အရှုံးနဲ့ရင်ဆိုင်ခဲ့ရသည့်အပြင်အိမ်ရှေ့စံပါအဖမ်းခံလိုက်ရသည်။ဒီသတင်းကိုbyunနဲ့Luhanမသိသေးပေ။

အရှင်(master)Donde viven las historias. Descúbrelo ahora