28(unicode)

2.2K 173 0
                                        

အရှင်(master)
အပိုင်း-၂၈

နောက်တစ်နေ့

မင်းကြီးparkနီးလာပြီဖြစ်တဲ့အရာရှိစာမေးပွဲအတွက်မနေ့ကသေဒဏ်ပေးခံလိုက်ရတဲ့အမတ်တွေအစားကျန်နေခဲ့တဲ့အမတ်တွေကိုတာဝန်တွေခွဲပေးမလို့စီစဉ်နေတုန်း

chen:မင်းကြီး

park:ဘာကိစ္စရှိလို့လဲ

ရွှေရောင်စာလိပ်တစ်လိပ်ပေါ်မှာစာရေးနေရင်ပြန်ပြောလိုက်တော့

chen:ကိုယ်လုပ်တော်byun

chenရဲ့ကိုယ်လုပ်တော်byunဆိုတဲ့စကားကြားတော့ရေးလက်စမင်းကြီးparkရဲ့လက်တို့ဟာတွန့်ဆုတ်သွားသည်။

park:byunဘာဖြစ်လို့လဲ

chen:ကိုယ်တွေပြန်ပူနေပါတယ်။မနေ့ကဒဏ်ရာကိုလည်းဆေးမလူးတော့အဲ့ဒီကသွားအဆိပ်တွေတက်ပြီးဖျားသွားတာပါတဲ့။ဒါပေမဲ့ဘယ်သမားတော်မှာအဝင်မခံဘဲသူ့ဟာသူအပူကျဆေးတွေကျိုနေပါတယ်။ပြီးတော့ဒဏ်ရာကိုလည်းမင်းကြီးကိုယ်တိုင်လာမလူးပေးရင်ဒီတိုင်းထားမှာပါတဲ့

park:ဘာပြောတယ်

မင်းကြီးparkမနေ့သူbyunကိုကိုက်ခဲ့တဲ့ဒဏ်ရာကိုပြန်တွေးမိပြီးတော့

park:တောက်!ဒီကောင်လေးတော့

မင်းကြီးparkရေးလက်စတွေအားလုံးဆက်မရေးတော့ဘဲbyunနန်းဆောင်ကိုသာအမြန်ထသွားလိုက်သည်။

လမ်းတစ်လျှောက်ငှက်အော်သံတွေ၊ပန်းရနံ့တွေကိုမင်းကြီးparkမခံစားနိုင်တော့ဘဲbyunနန်းဆောင်ကိုသာအမြန်သွားနေသည်။နန်းဆောင်ရှေ့ရောက်တော့သမားတော်တွေအများကြီးရပ်နေတာကိုတွေ့လိုက်ရသည်။ကြည့်ရတာxiuminခေါ်ထားတာနေမယ်……

park:အားလုံးပြန်ကြတော့

'ဟုတ်ကဲ့မင်းကြီး'

သမားတော်တွေအားလုံးထွက်သွားတော့မှ

park:xiuminအပါအဝင်ကျန်တဲ့သူတွေအားလုံးထွက်သွားပါ။chenနဲ့kaiလည်းပြန်တော့။ကိုယ်တော်byunနဲ့နှစ်ယောက်တည်းနေချင်တယ်

'ဟုတ်ကဲ့မင်းကြီး'

အထိန်းတော်တွေအားလုံးထွက်သွားတော့မှမင်းကြီးpark byunအခန်းထဲဝင်လာလိုက်သည်။

အရွင္(master)Donde viven las historias. Descúbrelo ahora