29(unicode)

2K 159 0
                                    

အရှင်(master)
အပိုင်း-၂၉

မင်းကြီးparkရဲ့ အသက်25နှစ်ပြည့်မွေးနေ့မို့လို့ မွေးနေ့ပွဲကို အခမ်းအနားဆုံးဖြစ်အောင် ကျင်းပကြသည်။အသား၊သေရည်၊မုန့်တွေကလည်း အလျှံအပယ်ကျွေးမွေးကြသည်။လက်အောက်ခံတိုင်းပြည်တွေသာမကဘဲ ဟန်နိုင်ငံနဲ့ချီနိုင်ငံကပါ သံတမန်တွေလွှတ်ပြီး မွေးနေ့ပွဲကိုဂုဏ်ပြုကြသည်။တိုင်းသူပြည်သားတွေကို ဆန်နဲ့ဆား၊အသားတွေကို ဝေပေးသည်။ကပြဖျော်ဖြေသူများနှင့်လည်း မွေးနေ့ပွဲကဆူညံနေသည်။

မွေးနေ့ပွဲကို ကိုယ်လုပ်တော်byun မတက်ခဲ့ရပေ။နေမကောင်းဖြစ်နေတာကြောင့်ပင်။သမားတော်လည်း မပြတော့အဖျားဟာ ကျမသွားတဲ့အပြင် ဒဏ်ရာအရှိန်တွေကြောင့် ပိုပြီးဆိုးနေသည်။

မင်းကြီးရဲ့ဘေးနားမှာကတော့မိဖုရားလတ်ကထိုင်နေသည်။လာရောက်ဂုဏ်ပြုသူများကလည်းမင်းကြီးအတွက်ဆုမွန်ကောင်းတောင်းပေးတဲ့အပြင်မိဖုရားလတ်ရဲ့ဗိုက်ထဲကကလေးအတွက်လည်းဆုမွန်ကောင်းတောင်းပေးကြသည်။

'မင်းကြီး…ချီနိုင်ငံသံတမန်တွေရောက်လာပါပြီ'

park:ကြိုဆိုလိုက်ပါ

'ဟုတ်ကဲ့မင်းကြီး'

yixing:ချီနိုင်ငံရဲ့ကျန်းထုံမြို့စားမင်းyixingမင်းကြီးကိုဂါဝရပြုပါတယ်။မွေးနေ့လက်ဆောင်တွေနဲ့အတုူချီမင်းကြီးကမင်းကြီးဆီသဝဏ်လွှာပါးလိုက်ပါတယ်

kaiကyixingပေးတဲ့ရွှေရောင်စာလိပ်ကိုသွားယူလိုက်ပြီးမင်းကြီးparkကိုပေးလိုက်သည်။

park:ချီမင်းကြီးကိုကျေးဇူးတင်တယ်လို့ပြောပေးပါ

yixing:ဟုတ်ကဲ့မင်းကြီး

park:ခရီးပန်းလာတာဆိုတော့နားနေဆောင်ပြင်ပေးပါ့မယ်။စားပြီးသောက်ပြီးရင်နားကြပေါ့

yixing:ကျေးဇူးတင်ပါတယ်မင်းကြီး

~~~~~~~

byunပြတင်းပေါက်နားကနေထိုင်ပြီးအပြင်ကငြိမ်သက်နေတဲ့ပတ်ဝန်းကျင်ကိုကြည့်နေသည်။ပုံမှန်ဆိုရင်တော့နန်းတွင်းသူတွေသွားလာနေတတ်ကြပေမဲ့အခုတော့နန်းတွင်းသူတွေအားလုံးဧည့်ခံပွဲရောက်နေကြပြီထင်ပါရဲ့။

အရွင္(master)Donde viven las historias. Descúbrelo ahora