43(unicode)

2K 154 1
                                    

အရှင်(master)
အပိုင်း-၄၃

ညရောက်သော်

မင်းကြီးpark byunကိုရင်ခွင်ထဲမှာထည့်ပြီးစခန်းကိုသာအမြန်ပြန်လာခဲ့သည်။byunကတော့မင်းကြီးparkရင်ခွင်ထဲမှာအိပ်ပျော်နေလေပြီ။တစ်နေ့လုံးဘယ်လောက်တောင်ပင်ပန်းထားမှန်းမှမသိတာ.........

se:အစ်ကိုတော်

မင်းကြီးpark sehunရဲ့ခေါ်သံကိုကြားတော့အမြန်ပြေးနေသည့်မြင်းကိုအရှိန်လျှော့လိုက်ပြီး

park:ဘာလို့လဲညီတော်

မင်းကြီးpark sehunရှိတဲ့ဘက်ကိုမြင်းကိုလှည့်ပြီးပြောလိုက်တော့sehunကchanbaeလေးကိုကြည့်ရင်း

se:ကလေးအရမ်းပင်ပန်းနေသလိုပဲ။ပြီးတော့ညလယ်တောင်ရောက်နေပြီမနားတော့ဘူးလား။မြင်းတွေလည်းပင်ပန်းနေလောက်ပြီ

park:မရဘူးညီတော်။ဒီနေရာနဲ့အနီးတစ်ဝိုက်မှာဘယ်ရွာမှမရှိသလိုလူလည်းတစ်ယောက်မှမရှိဘူး။ပြီးတော့ဒီအချိန်ကြီးနားလိုက်ရင်တောကောင်တွေရောက်လာလိမ့်မယ်

မင်းကြီးparkအမေးကြောင့်sehunမင်းကြီးparkရှိရာကိုမြင်းကိုသွားခိုင်းလိုက်ပြီး

se:ဒီလမ်းကိုညီတော်မသိဘူး။ပြီးတော့တောကောင်တွေရောက်လာရအောင်တောကအရမ်းနက်လို့လား

park:နက်တယ်ညီတော်။ဘယ်သူမှမသုံးတဲ့တောလမ်းပဲ။ပြီးတော့လျှို့ဝှက်လမ်းဆိုလည်းဟုတ်တယ်။အစကတော့ဂိုလျောနဲ့ပက်သက်ပြီးအရေးကြီးတဲ့အချိန်မှထုတ်သုံးမလို့လုပ်ထားပေမဲ့byunကအရမ်းအရေးကြီးနေတော့

se:ဟို......

park:ဘာပြောစရာရှိလို့လဲ

se:တူတော်ကိုbyunလက်ထဲထည့်ပေးထားလိုက်ပါလား။hanလေးလည်းအရမ်းပင်ပန်းနေလို့

sehunမဝံ့မရဲလေးပြောလာတော့မင်းကြီးpark Luhanကိုကြည့်လိုက်သည်။အိပ်ပျော်နေသောchanbaeလေးကိုရင်ထဲမှာပိုက်ပြီးsehunရင်ခွင်ထဲအိပ်ပျော်နေသောLuhanလေး။ဒါပေမဲ့ကလေးပြုတ်ကျမှာစိုးလို့အိပ်ပျော်အောင်မအိပ်ဘဲမှိန်းနေပုံရသည်။ဒါကိုsehunကသိလို့သူ့Luhanလေးအေးဆေးအိပ်လို့ရအောင်ပြောပေးနေပုံရသည်။သို့သော်......

အရွင္(master)Where stories live. Discover now