အရှင်(master)
အပိုင်း-၂၅မယ်တော်ကြီး:ဘာပြောလိုက်တယ်။အဲ့သတင်းကအမှန်ပဲလား
'ဟုတ်ပါတယ်မယ်တော်ကြီး။ကိုယ်လုပ်တော်byunကမိဖုရားငယ်လိုလုပ်ကြံလို့အခုအချုပ်ခန်းထဲမှာအဖမ်းခံထားရပါတယ်'
အထိန်းတော်ကြီးစကားကြောင့်မယ်တော်ကြီးဟက်ခနဲရီလိုက်သည်။
မယ်တော်ကြီး:ကောင်းတာပေါ့။ဟိုတစ်ခေါက်တုန်းကကိစ္စတောင်အခုထိအခဲမကျေဖြစ်နေတာ။အခုအချုပ်ခန်းထဲရောက်နေပြီဆိုမှတော့byunဆိုတာခွေးလေးကြက်လေးသာသာပဲရှိတော့တာ။ပြီးတော့မိဖုရားကိုလုပ်ကြံတဲ့သူ။အဟင်း~~~ကံတရားကငါတို့ဘက်မှာထင်ပါရဲ့။အချုပ်ခန်းကိုသွားမယ်
'ဟုတ်ကဲ့မယ်တော်ကြီး'
~~~~~~~~~~~
ကောက်ရိုးတွေမြက်ခြောက်တွေနဲ့ပြည့်နေသောမှောင်မဲမဲအခန်း၊သစ်သားတုတ်တိုင်တို့များစွာကာရံထားသောအခန်းငယ်လေးထောင့်မှာbyunဒူးလေးပိုက်ပြီးထိုင်နေသည်။မျက်စိရှေ့တင်သေသွားသောမိဖုရားငယ်ရဲ့ကြောက်စရာရုပ်အလောင်းဟာbyunမျက်လုံးထဲကမထွက်။မှိတ်လိုက်တိုင်းပေါ်နေတာကြောင့်byunအိပ်တောင်မအိပ်ရဲ။အေးစက်စက်နံရံကိုမှီပြီးတော့တာမေ့ဖျောက်နိုင်ရန်ကြိုးစားမိသည်။
min:ချမ်းနေလားကိုယ်လုပ်တော်byun
xiuminသူ့ရဲ့အပေါ်ရုံဝတ်ရုံလေးကိုချွတ်ပြီးခြုံပေးတော့
byun:ရတယ်min။မင်းလည်းချမ်းနေတယ်မဟုတ်လား။ကိုယ်ဖာသာကိုယ်ပဲခြုံထားလိုက်ပါ
byunပြန်ပေးလိုက်တော့xiuminကအတင်းထပ်ခြုံပေးရင်း
xiu:ကျွန်တော်ကအရေးမကြီးပါဘူးဗျာ။ကိုယ်လုပ်တော်byunသာအရေးကြီးတာပါ။ဒီအချိန်မှာဂရုစိုက်ရမယ်လေ။ကလေးတစ်ခုခုဖြစ်သွားလို့မရဘူးမဟုတ်လား
xiuminစကားကြောင့်byunရဲ့ဖျော့တော့နေသောအကြည့်တို့မှာအံ့သြမှုကအထင်းသား
min:ဟိုတစ်နေ့ကအန်နေကတည်းကကျွန်တော်မသင်္ကာလို့ကိုယ်လုပ်တော်လက်ကောက်ဝတ်ကိုစမ်းလိုက်မိတယ်
byun:minကသမားတော်လုပ်ဖူးတာလား
xiu:သမားတော်မလုပ်ဖူးပါဘူး။ဒါပေမဲ့သမားတော်wuရဲ့အထိန်းတော်တော့လုပ်ဖူးတယ်
YOU ARE READING
အရှင်(master)
Fanfictionbyunသည် မင်းကြီးparkသတ်မှ သေမည့်ကံဇာတာဆိုလျှင်.........မင်းကြီးparkကိုအသေသတ်ခဲ့သည်က byunကိုချစ်သောစိတ်ပင်......... byunသည် မင်းကြီးparkသတ်မှ သေမည့်ကံဇာတာဆိုလျှင်.........မင်းကြီးparkကိုအသေသတ်ခဲ့သည်က byunကိုချစ်သောစိတ်ပင်......... by အရွင္(master) #c...