54(unicode)

1.7K 134 0
                                    

အရှင်(master)
အပိုင်း-၅၄

byunမှေးခနဲအိပ်ပျော်သွားတုန်းမျက်နှာဖုံးစွပ်နဲ့လူငါးယောက်ဝင်လာပြီးသတ်ဖို့ကြိုးစားသည်။သို့ပေမဲ့အိပ်မပျော်သေးတဲ့byunသိသွားပြီးခေါင်းအုံးအောက်ကဓားကိုဆွဲထုတ်လိုက်ပြီးခုခံတိုက်ခိုက်သည်။

တချွင်ချွင်နဲ့ဓားချင်းရိုက်ခတ်ထိခုတ်သံဟာတစ်ခနအတွင်းbyunအခန်းထဲမှာဆူညံသွားသည်။သို့ပေမဲ့byunရှေ့ကလူတွေကိုအာရုံစိုက်နေတုန်းတခြားလူနှစ်ယောက်ကအိပ်ပျော်နေသောchanbaeကိုသတ်ဖို့ကြိုးစားသည်။

byunအမြန်သွားတားပေမဲ့ဘေးကလူတစ်ယောက်ဓားနဲ့ခုတ်လိုက်တာကြောင့်ရှောင်လိုက်ပေမဲ့လက်မောင်းကိုရှပ်ထိသွားသည်။

byun:အ့...

byunလည်းဒဏ်ရာကိုဂရုမစိုက်အားပဲchanbaeကိုကယ်ဖို့ကိုသာအာရုံစိုက်နေသည်။သို့ပေမဲ့သူ့ဟာသူတောင်အနိုင်နိုင်ဖြစ်နေသည်။byunကသိုင်းတော်သည်။သို့ပေမဲ့ဒီလုပ်ကြံသူတွေကတော့byunထက်မတော်ရင်တောင်byunလောက်နီးနီးတော်ကြသည်။ဒီလူတွေကိုbyunရင်ဆိုင်နေရတော့ဒဏ်ရာရတာမထူးဆန်းပေ။

ဒါပေမဲ့chanbaeကိုပါရန်ရှာနေတာကြောင့်byunအလောတကြီးလုပ်မိရင်းအမှားတွေဖြစ်ကုန်သည်။

လုပ်ကြံသူတစ်ယောက်အိပ်ပျော်နေတဲ့chanbaeကိုဓားနဲ့ခုတ်လိုက်သည်။

byun:မလုပ်နဲ့......သား!!

သတိလွတ်သွားတဲ့တစ်ခနမှာလုပ်ကြံသူကbyunရဲ့ကျောပြင်ကိုဓားနဲ့လှမ်းခုတ်သည်။

byunမြေပြင်ပေါ်ကျသွားတဲ့သွေးစက်တွေကိုကြည့်ပြီးကုတင်ပေါ်ကိုမကြည့်ရဲပေ။ခေါင်းကိုသာတတွင်တွင်ခါနေမိသည်။သို့သော်......

ထပ်ပြီးဓားသံတွေဟာဆူညံသွားခဲ့သည်။ပြီးတော့သူ့မျက်စိရှေ့ရောက်လာတဲ့ခြေအစုံဟာသံချပ်ကာဝတ်ထားတဲ့သူဖြစ်နေတာကြောင့်byunမော့ကြည့်လိုက်တော့

byun:အရှင်

byunငိုရင်းအံ့သြဝမ်းသာစွာခေါ်လိုက်မိသည်။ဒါပေမဲ့မင်းကြီးparkကတော့ဓားကိုဆုပ်ကိုင်ထားဆဲ......

byunမျက်လုံးပြူးသွားသည်။သွေးတွေကမင်းကြီးparkသွေးတွေလား?ကုတင်ပေါ်ကိုကြည့်လိုက်တော့chanbaeကအိပ်ပျော်နေတုန်း......။chanbaeဆီရောက်လာမဲ့ဓားချက်ကိုမင်းကြီးကလှမ်းဖမ်းလိုက်တာလား......

အရွင္(master)Donde viven las historias. Descúbrelo ahora