အရှင်(master)
အပိုင်း-၄၁လေတိုက်နေတာကြောင့်သစ်ရွက်တွေရဲ့အချင်းချင်းပွတ်တိုက်မှုကပိုပြီးမြန်ဆန်လာသည်။တစ်စတစ်စကျရောက်နေတဲ့နေရောင်လေးတွေဟာငြိမ်သက်မှုမရှိဘဲရွေ့လျားနေသည်။
ထို့အတူတောင်ပေါ်မှာဆူညံနေသောအသံတွေကတစာစာထွက်ပေါ်လာသည်။ထိုအသံကားတခြားမဟုတ်။Luhanနဲ့မင်းကြီးparkရဲ့သားတော် park chanbaeတို့ရဲ့တိုက်ပွဲမှထွက်ပေါ်လာခြင်းပင်......
Lu:ya!!!!parkကောင်လေးငါအဝတ်တွေခေါက်ထားတာမဖွနဲ့!!......ya!!!!ပြောနေတဲ့ဟာကို!!
Luhanအဝတ်လှမ်းကြိုးမှာအဝတ်စိုတွေလှမ်းနေတုန်း အခုလေးတင်မှခေါက်ပြီးဘေးနားကခုံပေါ်တင်ထားတဲ့အဝတ်တွေကိုအထပ်လိုက်လာဆွဲချထားသောpark chanbae......။အဝတ်လေးတွေဟာ လှပစွာဖြင့်မြေပြင်ပေါ်ပြန့်ကျဲကျကုန်သည်။ဒါကိုကြည့်ပြီးLuhanတို့ဒေါပွကာလှန်းလက်စအဝတ်ကိုတောင်မလှန်းတော့ဘဲဒေါကြီးမောကြီးနဲ့ခြေကိုဆောင့်ကာကလေးဆီလျှောက်လာတော့
chan bae:ခ်ခ်ခ်
လုံးဝန်းနေတဲဖင်လေးကိုဘယ်ညာလိမ်ကာလုံးတုန်းလုံးတုန်းနဲ့သူappa byunဆီပြေးသွားတော့သည်။
byunညစာချက်နေတုန်း အိမ်ရှေ့က Luhanနဲ့chanbaeတို့ရဲ့ရန်ဖြစ်သံကိုကြားပြီး ပြုံးမိသည်။နေ့စဉ်ရက်ရှိသမျှ chanbaeလေးရောက်လာကတည်းက ကြားနေတဲ့အသံလေးတွေ။chanbaeကလည်း Luhanကိုဆိုရင် အရမ်းမထိတထိစသည်။Luhanကလည်း ဆက်ဆက်ထိမခံ...ကလေးလည်းမရှောင်ပြန်ရန်တွေ့သည်။အဲ့တော့ ကလေးက သူ့ကိုပြန်စသည်။ဤသို့ဖြင့် သံသရာဟာ လည်မဆုံးတော့ပေ။ကလေးအဖေါ်မရှိဘဲ လူကြီးနှစ်ယောက်နဲ့နေရတဲ့ chanbaeအဖို့ Luhanက ကစားလို့ကောင်းတဲ့အဖေါ်လေးတစ်ယောက်လို ဖြစ်နေသည်။
byun ဟင်းပွဲတွေကိုစားပွဲခုံပေါ်တင်လိုက်ပြီးတဲ့အချိန်မှာတော့ လိမ္မော်နုရောင်ဝတ်စုံလေးနဲ့အတူ ပြေးဝင်လာသောchanbaeလေး။အသားလေးကလည်း ဖြူဖွေးပြီးလုံးတစ်နေသည်။မျက်လုံးလေးက ဝိုင်းစက်ပြီး နက်မှောင်နေတဲ့မျက်ဆံလေးဟာ လှရက်လွန်းသည်။နားရွက်ကားကားလေးတွေနဲ့အတူ ဘယ်ဘက်ပါးပေါ်က ပါးချိုင့်လေးကထင်းခနဲ။မို့အစ်နေအောင် ဖောင်းကားနေတဲ့ ပါးဖောင်းဖောင်းလေးတွေက မင်းကြီးparkငယ်ငယ်ကနဲ့တစ်ထေရာတည်းလို့တောင် ထင်ရသည်။မင်းကြီးparkရဲ့သားမှန်း အထူးမေးစရာမလိုအောင်ကို ချွတ်စွတ်တူလွန်းလှသည်။
YOU ARE READING
အရှင်(master)
Fanfictionbyunသည် မင်းကြီးparkသတ်မှ သေမည့်ကံဇာတာဆိုလျှင်.........မင်းကြီးparkကိုအသေသတ်ခဲ့သည်က byunကိုချစ်သောစိတ်ပင်......... byunသည် မင်းကြီးparkသတ်မှ သေမည့်ကံဇာတာဆိုလျှင်.........မင်းကြီးparkကိုအသေသတ်ခဲ့သည်က byunကိုချစ်သောစိတ်ပင်......... by အရွင္(master) #c...