အရှင်(master)
အပိုင်း-၂၁ရဲမက်နှစ်ယောက်ရဲ့ လက်တစ်ဖက်စီကနေ ဆွဲခေါ်လာမှုကြောင့် နေမကောင်းသေးသောbyunမှာ လမ်းတောင်မလျှောက်နိုင်ဘဲ တရွတ်ဆွဲကာ လူသတ်ကွင်းကိုပါလာရသည်။တခြားအကျဉ်းသားတွေလို ညစ်ထေးထေးဝတ်စုံမဟုတ်ပေမဲ့ ဖြူရောင်ဝတ်စုံလေးသာဝတ်ထားတဲ့byunဟာ ဒဏ်ရာတွေ အမာရွတ်တွေနဲ့အတူ ရှိနေသည်။လူသတ်စင်ပေါ်ခေါ်သွားပြီး လက်ပြန်ကြိုးတုတ်ထာကာ ဒူးထောက်ခိုင်းထားသည်။byun သူ့အရှေ့ကလူတွေကိုကြည့်လိုက်တော့ ပညာရေးအမတ်အပါအဝင် တရားရေးရာအမတ်နှင့် တခြားသောအမတ်များ၊မယ်တော်ကြီးနဲ့မိဖုရားလတ်ရဲ့လက်အောက်က အမတ်တွေထိုင်နေကြသည်။byun မင်းကြီးparkကိုရှာနေပေမဲ့မတွေ့တာကြောင့်
byun pov:ဘယ်ရောက်နေတာလဲအရှင်ရယ်။ကျွန်တော်အသတ်ခံရတော့မယ်ထင်တယ်။အရှင်လာကယ်ပါနော်။အရှင်ပြောထားတယ်လေ။ဘယ်အခြေအနေပဲရောက်ရောက်ရအောင်ကယ်မယ်လို့လေ။ကျွန်တော်စောင့်နေတယ်အရှင်......။
byunခေါင်းလေးငုံ့ပြီးငိုနေမိသည်။ကြိုးတုပ်ခံထားရတဲ့နေရာတွေဟာဒဏ်ရာပေါ်ဆင့်နေတာကြောင့်နာကျင်နေသည်။ပါးပြင်ကဓားဒဏ်ရာဟာမျက်ရည်တို့စိုစွတ်နေတာကြောင့်စပ်ဖျင်းဖျင်းဖြစ်နေသည်။သို့သော်မျက်ရည်တို့ကိုသုတ်ပစ်ဖို့တော့မလုပ်နိုင်ခဲ့.........။
'အချိန်ကျပြီ...သတ်တော့!!!'
အမိန့်ပေးသံအဆုံးဓားတရမ်းရမ်းနဲ့လူကြီးကbyunရဲ့လည်ပင်းကိုလှီးဖြတ်ဖို့အတွက်အရှိန်ယူနေသည်။နေရောင်အောက်ကအရောင်တလက်လက်ဖြစ်နေသောဓားဟာသိပ်တော့မလှပေ။
byunကတော့တခြားအကျဉ်းသားတွေလိုသေခါနီးကျရောက်လာမဲ့ဓားချက်ကိုမျက်လုံးပိတ်ပြီးစောင့်မနေဘဲမင်းကြီးparkလာမဲ့လမ်းကိုသာမျှော်ကြည့်နေမိသည်။
byun pov:အရှင်လာခဲ့ပါနော်.byunစောင့်နေတယ်
ဆိုတဲ့စာသားလေးကိုပဲအကြိမ်ကြိမ်အခါခါရွတ်ဆိုနေမိသည်။
park:ရပ်လိုက်!!!!
မင်းကြီးparkရဲ့အသံကြောင့်ဓားကြီးတရမ်းရမ်းလုပ်နေတဲ့လူကြီးရဲ့လှုပ်ရှားမှုတွေဟာရပ်တန့်သွားသည်။
ESTÁS LEYENDO
အရှင်(master)
Fanficbyunသည် မင်းကြီးparkသတ်မှ သေမည့်ကံဇာတာဆိုလျှင်.........မင်းကြီးparkကိုအသေသတ်ခဲ့သည်က byunကိုချစ်သောစိတ်ပင်......... byunသည် မင်းကြီးparkသတ်မှ သေမည့်ကံဇာတာဆိုလျှင်.........မင်းကြီးparkကိုအသေသတ်ခဲ့သည်က byunကိုချစ်သောစိတ်ပင်......... by အရွင္(master) #c...