35(unicode)

2.2K 158 2
                                    

အရှင်(master)
အပိုင်း-၃၅

ရုတ်တရတ်လည်ပင်းဘေးနားကနေဓားထိပ်စွန်းကိုတွေ့လိုက်တော့byunလန့်သွားပြီးအနောက်ကိုလှည့်ကြည့်လိုက်သည်။

'ဘာတွေဒီလောက်တောင်တွေးနေတာလဲbyun'

byunသူ့ရှေ့မှာထီးထီးကြီးရပ်နေတဲ့မင်းကြီးparkကိုတွေ့တော့ဘာပြောရမှန်းမသိအောင်စွံ့အသွားသည်။နန်းဝတ်နန်းစားနဲ့မဟုတ်ဘဲဘာမန်ဝတ်စုံကိုသာဝတ်ထားသောမင်းကြီးparkသည်ချောမောနေတုန်းပင်……

byun:အရှင်

park:နေကောင်းရဲ့လားbyun

မင်းကြီးparkဓားကိုဓားအိမ်ထဲပြန်သွင်းရင်းလိုက်တော့byunမင်းကြီးparkကိုပြေးဖက်သည်။

byun:လွမ်းနေခဲ့တာအရှင်…အရမ်းကိုသတိရနေခဲ့တာ…ဟင့်…နန်းတော်ထဲမှာအဆင်ပြေပါ့မလားလို့……အသစ်ရောက်တဲ့မိဖုရားကကောအရှင့်အပေါ်ကောင်းရဲ့လားလို့…ဟင့်……တွေးရင်းတွေးရင်အများကြီးစိတ်ပူနေခဲ့တာ

byunပြောလည်းပြောရင်းမင်းကြီးparkရင်ခွင်ထဲမှာငိုနေသည်။မင်းကြီးpark byunကိုပြန်ဖက်ထားလိုက်ပြီးဖြူဖွေးနေတဲ့လည်ပင်းသားလေးကိုတစ်ချက်နမ်းလိုက်သည်။ထို့နောက်ကျောပြင်ပေါ်ကိုရှည်လျားစွာကျနေသောအနက်ရောင်ဆံနွယ်တို့ကိုလဲထပ်ပြီးနမ်းလိုက်ကာ

park:ကိုယ်ရောပဲ…အရမ်းလွမ်းနေခဲ့တာbyun။ညီတော်ကbyunအကြောင်းပြန်ပြောပြတိုင်းကိုယ့်မှာလာချင်လိုက်တာမှတစ်ပိုင်းကိုသေနေတာပဲ။ဒါပေမဲ့ကိုယ်မလုပ်နိုင်ခဲ့ဘူး

မင်းကြီးparkရဲ့မျက်ရည်တို့byunရဲ့ဆံနွယ်တွေကြားလိမ့်ဆင်းသွားသည်။

park:ကိုယ်သာ လာတွေ့လိုက်ရင် မယ်တော်တို့ရိမ်မိသွားမှာစိုးတယ်byun။သူတို့ရန်ကို ကိုယ်ကာကွယ်ပေးနိုင်ပေမဲ့ ကံကြမ္မာကိုတော့ မမြင်နိုင်ဘူးလေ။ကိုယ်ကြောင့်နဲ့ byunဒုက္ခရောက်မှာကို မကြည့်နိုင်ဘူး။ကိုယ့်ရဲ့ဆန္ဒလေးတစ်ခုကြောင့်နဲ့ byunကော ကလေးကော အန္တရာယ်နဲ့ကြုံရမှာကို ကိုယ်အကြောက်ဆုံးပဲ။လွမ်းတယ်……ပြောမပြတတ်အောင်လွမ်းတယ်။byunအခန်းထဲ ညတိုင်းဝင်ပြီး ကိုယ်အလွမ်းတွေလျော့အောင်လုပ်ပေမဲ့ မရဘူး။ဒါပေမဲ့ ကိုယ်ထိန်းချုပ်ခဲ့တယ်။အဲ့ဒါက byunကြောင့်ပဲ

အရွင္(master)Where stories live. Discover now