အရှင်(master)
အပိုင်း-၂၆မင်းကြီးparkစာကြည့်ဆောင်ကပြတင်းပေါက်မှာမတ်တပ်ရပ်နေတုန်းစစ်သူကြီးဝင်လာသည်။ဝတ်စုံအဖြူရောင်အပြည့်နှင့်ဈာပနပွဲကနေချက်ချင်းရောက်လာသည့်ပုံပင်။နဂိုကတော့မာန်တက်နေသောစစ်သူကြီး၏ရုပ်အသွင်သည်အခုတော့ပူဆွေးမှုတွေကြောင့်ပိုပြီးအိုစာသွားသယောင်။
စစ်သူကြီး:မင်းကြီး
park:စစ်သူကြီးကိုးးးဘာကိစ္စရှိလို့လဲ
စစ်သူကြီး:သမီးကိုသတ်တဲ့သူကိုအပြစ်ပေးပေးပါမင်းကြီး။ဈာပနပွဲမှာနောက်ဆုံးအနေနဲ့မျက်နှာလေးတောင်ကြည့်ခွင့်မရှိအောင်လုပ်သွားတဲ့ကိုယ်လုပ်တော်byunကိုပြင်းပြင်းထန်ထန်သေဒဏ်ပေးပေးပါ
စစ်သူကြီးစကားကြောင့်မင်းကြီးparkမတ်တပ်ရပ်နေရင်းသူ့ကိုလှည့်ကြည့်လိုက်သည်။
park:byun?
စစ်သူကြီး:ဟုတ်ပါတယ်မင်းကြီး
park:သက်သေရှိလား
စစ်သူကြီး:ဒီလောက်သေချာနေတဲ့ကိစ္စကိုသက်သေကလိုပါဦးမလားမင်းကြီး
park:လိုတာပေါ့……သိပ်ကိုလိုအပ်တာပေါ့စစ်သူကြီး။byunကသာမန်အညတရတစ်ယောက်မဟုတ်ဘူး။ဂိုလျောရဲ့စီးပွားရေးကိုချုပ်ကိုင်ပေးထားတဲ့သူ။byunနိုင်ငံကသာနဲနဲလောက်လှုပ်ရှားလိုက်ရင်ဟန်နိုင်ငံနဲ့ချီနိုင်ငံကကောဒီအတိုင်းနေမယ်များထင်နေလား။ဖွဲ့ထားတာမကြာသေးတဲ့ပင်မတပ်ဖွဲ့ကလဲသူတို့နှစ်နိုင်ငံရဲ့တိုက်ခိုက်မှုကိုခုခံနိုင်မယ်မထင်ဘူး
စစ်သူကြီး:ဒါဆိုရင်လူသတ်သမားကိုဒီလိုပဲထားတော့မှာလား
park:ကိုယ်တော်စုံစမ်းပေးပါ့မယ်။ဒီကိစ္စကိုဘယ်သူလုပ်လဲဆိုတာကို။byunလုပ်တယ်လို့တော့ကိုယ်တော်မထင်ဘူး
စစ်သူကြီး:မင်းကြီး……
စစ်သူကြီးရဲ့ထပ်ပြောလာမဲ့စကားတွေကိုမင်းကြီးparkလက်လေးကာပြီးဟန့်တားလိုက်သည်။
park:ဈာပနပွဲမပြီးသေးလို့စောင့်နေတာပါ။ပြီးတာနဲ့ဒီကိစ္စရဲ့လုပ်ကြံသူအစစ်အမှန်ကိုစုံစမ်းပေးမှာမို့လို့အခုတော့ပြန်လိုက်ဦး
YOU ARE READING
အရှင်(master)
Fanfictionbyunသည် မင်းကြီးparkသတ်မှ သေမည့်ကံဇာတာဆိုလျှင်.........မင်းကြီးparkကိုအသေသတ်ခဲ့သည်က byunကိုချစ်သောစိတ်ပင်......... byunသည် မင်းကြီးparkသတ်မှ သေမည့်ကံဇာတာဆိုလျှင်.........မင်းကြီးparkကိုအသေသတ်ခဲ့သည်က byunကိုချစ်သောစိတ်ပင်......... by အရွင္(master) #c...