အရှင်(master)
အပိုင်း-၄၄byun ထမင်းပန်ကန်လုံးအသေးလေးထဲကို ဟင်းရည်လေးတွေစမ်းပြီး ကြွေဇွန်းအသေးလေးနဲ့ chanbaeကိုခွံ့ကျွေးနေသည်။၁နှစ်ကျော်သာရှိသေးပေမဲ့ အစားမျိုးစုံ၊ မစားတာမရှိရလေအောင်အကုန်စားသော chanbaeသည် ၁နှစ်ခွဲနှင့်မလိုက်အောင် နှစ်နှစ်သားအရွယ်လောက်ရှိနေသည်။ထို့အပြင် မင်းကြီးparkသွေးအပြည့်အဝပါသူမို့ ကြီးထွားနှုန်းကလည်း မြန်သည်။byunလိုသေးသေးညှပ်ညှပ်လေးမဟုတ်ပေ။အဲ့ဒါကြောင့် လုံးတစ်နေသောchanbaeသည် မြင်သူတိုင်း ဖျစ်ညစ်ပစ်ချင်စရာကောင်းသည်။ဆိုးတာက မင်းကြီးparkသားဖြစ်နေလို့ ဘယ်သူမှမထိရဲကြခြင်းပင်………။
chanbaeထမင်းတစ်လုပ်စားတိုင်းဖောင်းတက်သွားသောပါးလေးသည်အနောက်ကနေကြည့်ရင်တောင်ပါးနှစ်ဖက်ကိုမြင်ရလောက်သည်။တစ်မြုံ့မြုံ့နဲ့ဝါးလိုက်၊သူကြိုက်တာခံတွင်းတွေ့တာလေးတွေ့ရင်လက်ညှိုးလေးထိုးလိုက်နဲ့နီနီရဲရဲနှုတ်ခမ်းလေးကိုထော်ပြီးအားရပါးရစားနေသည်။
မင်းကြီးpark chanbaeလေးစားတာကိုကြည့်ပြီးဗိုက်ဝသွားသလိုခံစားလိုက်ရသည်။သို့သော်byunကတော့ခုထိတစ်လုတ်မှမစားရသေးပေ။
park:byunမစားဘူးလား
byun:သားအိပ်မှစားမယ်အရှင်။သားကထမင်းစားပြီရင်အိပ်ပျော်သွားမှာလေ။အဲ့ကျမှကျွန်တော်စားမယ်
park:ကိုယ်ကbyunနဲ့အတူစားချင်တာကို
မင်းကြီးparkစကားကြောင့်byunပြုံးလိုက်ပြီး
byun:အရှင်က စားပြီးရင်လေ့ကျင့်ရေးလုပ်နေတဲ့စစ်သည်တွေကိုသွားကြည့်ရဦးမယ်မဟုတ်လား။ပြီးတော့လက်နက်အသစ်တွေ၊ယမ်းတွေကိုလည်းအရည်အသွေးပြည့်မပြည့်စမ်းသပ်ပေးရဦးမယ်လေ
park:ကိုယ့်ရဲ့ဒီနေ့အစီအစဉ်တွေကိုဘယ်လိုသိတာလဲ
byun:ကျွန်တော်ကဒီလိုနေရာတွေနဲ့မရင်နှီးတဲ့မိန်းကလေးမဟုတ်ဘူးအရှင်။ဒီလိုနေရာမျိုးတွေကိုလည်းအုပ်ချုပ်ခဲ့ဖူးတယ်။ဘာတွေလိုအပ်လဲ။ဘာတွေပြင်ဆင်ရမလဲဆိုတာကျွန်တော်အားလုံးနားလည်တယ်
park:နားလည်တာထက်အလိုက်သိတာပါ။kaiဆီကစုံစမ်းထားတာလား
byun:မင်းသားငယ်ပြောပြတာပါ
YOU ARE READING
အရှင်(master)
Fanfictionbyunသည် မင်းကြီးparkသတ်မှ သေမည့်ကံဇာတာဆိုလျှင်.........မင်းကြီးparkကိုအသေသတ်ခဲ့သည်က byunကိုချစ်သောစိတ်ပင်......... byunသည် မင်းကြီးparkသတ်မှ သေမည့်ကံဇာတာဆိုလျှင်.........မင်းကြီးparkကိုအသေသတ်ခဲ့သည်က byunကိုချစ်သောစိတ်ပင်......... by အရွင္(master) #c...