33(unicode)

1.9K 165 1
                                    

အရှင်(master)
အပိုင်း-၃၃

မင်းကြီးpark အရာရှိစာမေးပွဲမှာအောင်တဲ့သူတွေအားလုံးကို လိုအပ်နေတဲ့ အမတ်တွေနေရာမှာ နေရာချထားပြီး နဂိုရှိပြီးသားအမတ်တွေထဲမှ တစ်ချို့ကိုတော့ အပြောင်းလဲလုပ်လိုက်သည်။

မိဖုရားလတ်ရဲ့ဖခင်ဖြစ်သူ ပညာရေးအမတ်ကို အမတ်ချုပ်ကြီးနေရာမှာ ထားလိုက်သည်။သူ့ရဲ့လွတ်သွားတဲ့ ပညာရေးအမတ်နေရမှာကတော့ အမတ်သစ်ဖြစ်တဲ့ ဂျီဆော့ဂျင်ကို ထားလိုက်သည်။ထို့နောက် လစ်ဟာနေတဲ့ စစ်သူကြီးနေရာမှာကတော့ ဂင်ဂျုံးဂု၊ လက်ထောက်စစ်သူကြီးအဖြစ် ဂန်ဂယ်ရီ၊ အကြံပေးအမတ်အဖြစ် ယူဂျယ်ဆော့၊ ကိုယ်ရံတော်တပ်ဖွဲ့မှူးအဖြစ် လီဂွမ်ဆူ၊ တရားရေးရာအမတ်အဖြစ် ဟားဟား စသည်ဖြင့် တခြားသူတွေကိုလည်း နေရာပေးထားသည်။ထို့အပြင် မိန်းကလေးစစ်သည်နဲ့ မိန်းကလေးအမှုထမ်းတွေပါခေါ်ထားတာကြောင့် စာပေနဲ့ယဉ်ကျေးမှုအမတ်အဖြစ် shin yaနဲ့မိန်းကလေးကိုယ်ရံတော်တပ်ဖွဲ့ခေါင်းဆောင်အဖြစ် ဆုန်းဂျီဟိုတို့ကို ခန့်ထားသည်။

အခုဆိုလျှင် ရုံးတော်မှာ မင်းကြီးparkက အာဏာအကြီးဆုံး ဖြစ်သွားသည်။အရင်လို သူလုပ်ချင်တဲ့ကိစ္စတစ်ခုကို နားပူအောင်ဆွေးနွေးစရာမလိုတော့ဘဲ သူတစ်ခွန်းဆိုတစ်ခွန်းဖြစ်သွားသည်။

park pov:နတ်နန်းကိုပေးလိုက်တာအလကားလို့ထင်နေတာလားမယ်တော်။တဖြေးဖြေးနဲ့ကျွန်တော့်ရဲ့အာဏာတွေအားလုံးကိုပြန်ယူမှာမို့လို့စောင့်ကြည့်နေပါ

~~~~~~~

နန်းရင်ပြင်တစ်ခုလုံးအနီရောင်ပိုးစများနှင့်ပြည့်နေသည်။ပိုးဖဲအနီရောင်တို့ကိုပန်းပွင့်သဏ္ဍာန်ပြုလုပ်ထားသောပန်းများအပြင်လှိုင်းတွန်းပုံစံလေးတွေဖြစ်အောင်နန်းတော်တစ်ခုလုံးကိုပြင်ဆင်ထားသည်။အနီရောင်လျှောက်လမ်းကတစ်ခုခုကိုကြိုဆိုနေသည်။

'မင်းကြီးနဲ့မိဖုရားကြွလာပါပြီ'

အထိန်းတော်ရဲ့အသိပေးသံအဆုံးအနီရောင်လျှောက်လမ်းကိုနင်းပြီးလျှောက်လာသောမင်းကြီးparkနဲ့မိဖုရားချီမုန့်ယွမ်

အနီရောင် ရွှေချည်ထိုးဝတ်စုံတွေကိုဝတ်၊ ရွှေခေါင်းဆောင်းကြီတွေ ဆောင်းပြီး တစ်လှမ်းချင်း ဝင်လာတဲ့ သူတို့နှစ်ယောက်ဟာ သိပ်ကိုလိုက်ဖက်လွန်းသည်။yixingရဲ့ ကျေးဇူးကြောင့် မင်းသမီးချီမုန့်ယွမ်ကို အလွယ်လေးလက်ထပ်နိုင်ခဲ့သည်။ချီနိုင်ငံနဲ့မဟာမိတ်အဖြစ်ဖွဲ့ပြီး တော်ဝင်မျိုးနွယ်ချင်းလက်ထပ်တာဟာ ဖြစ်သင့်တဲ့ကိစ္စတစ်ခု။သို့ပေမဲ့ မင်းကြီးparkကတော့ ဒီမဟာမိတ်ကိုဖွဲ့တာဟာ စစ်ပွဲအတွက်ဆိုရင်………။

အရွင္(master)Where stories live. Discover now