47(unicode)

1.8K 136 1
                                    

အရှင်(master)
အပိုင်း-၄၇

သုံးနှစ်ခန့်ကြာသော်

chanyeolသူ့ရှေ့ကဟန်နိုင်ငံရဲမက်ကိုဓားနဲ့ဖြတ်ခုတ်လိုက်သည်။စင်ထွက်သွားသောသွေးစက်တွေနဲ့အတူထိုရဲမက်ဟာသေဆုံးသွားခဲ့လေပြီ။

'ဂိုလျောနိုင်ပြီ!!!ဂိုလျောနိုင်ပြီ!!!!ဂိုလျောနိုင်ပြီ!!!'

ဟန်နိုင်ငံရဲ့မြေတစ်ဝက်နီးပါးကိုသိမ်းနိုင်ခဲ့တဲ့တိုက်ပွဲသံဟာအရှုံးတော့မရှိခဲ့ပေ။တစ်စတစ်စနည်းပါးလာတဲ့ဟန်နိုင်ငံပိုင်မြေတွေနဲ့အတူဂိုလျောဟာတဖြေးဖြေးအင်အားကြီးထွားလာခဲ့သည်။

မင်းကြီးparkသိပ်မဝေးတော့သောနေရာတွင်ရှိနေသည့်မြင့်မားမတ်စောက်လှသောတောင်ကြီးကိုကြည့်လိုက်ပြီး

park:အဲ့နေရာကိုကိုယ်အပိုင်သိမ်းပြမယ်byun

မင်းကြီးparkသူအနိုင်ရခဲ့တဲ့မြို့မှာပဲစခန်းသစ်ကိုထပ်ချသည်။သေဆုံးသွားတဲ့ဂိုလျောစစ်သည်တွေအတွက်ဂူတွေလုပ်ပေးပြီးဟန်နိုင်ငံစစ်သည်တွေအတွက်တော့မီးသဂြိုဟ်ပေးခဲ့သည်။

se:အစ်ကိုတော်နောက်တစ်နေရာကိုအမြန်ထပ်တိုက်မှာလား

park:သိပ်မကြာခင်ပေါ့

se:ဟုတ်ကဲ့။ဒါဆိုရင်အစည်းအဝေးလုပ်ဖို့အားလုံံးကိုခေါ်ထားလိုက်ပါမယ်

မင်းကြီးparkခေါင်းတစ်ချက်ငြိမ့်ပြလိုက်တော့sehunဟာမြင်းကိုတစ်ချက်ရိုက်ပြီးထွက်သွားလေသည်။

~~~~~

byun chanbaeလေးကိုတင်ပါးလေးပုတ်ပြီး သိပ်နေသည်။အခုဆိုရင် chanbaeအသက်သည် ၅နှစ်ရှိနေပြီ။မင်းကြီးparkရဲ့သားပီပီ ဉာဏ်ကောင်းသည်။အာဏာဆန်သည်။ဓားရေးကိုတောင် အခုကတည်းက စိတ်ဝင်စားနေပြီဖြစ်ပြီး ကစားရင်တောင်သူနိုင်မှကျေနပ်သည်။ဒါပေမဲ့ byunက chanbaeရဲ့စိတ်ကိုနူးညံ့သွားအောင်သင်ပေးသည်။သတ်မယ်ဖြတ်မယ် တကဲကဲလုပ်နေတဲ့chanbaeသည် byunကြောင့် အရမ်းမဆိုးတော့ပေ။အဝတ်အစားဆိုရင်လည်း အရောင်တောက်တောက်တွေသာ ရွေးဝတ်တတ်တဲ့chanbaeက byunနဲ့တစ်စက်မှမတူပေ။အရွယ်နဲ့မလိုက်အောင် စကားတတ်လွန်းတာကြောင့် မရိုင်းအောင်byunမနည်းထိန်းနေရသည်။

အရွင္(master)Where stories live. Discover now