73

7.8K 917 135
                                    

အရှင်(master)
အပိုင်း-73

နတ်နန်းတွင်နတ်ဆရာdoရောက်လာပြီးနောက်အရင်နတ်ဆရာမကြီးကိုဖြုတ်ချကာနတ်နန်းအကြီးအကဲနေရာကိုယူသည်။

do:အခုတလောအဆင်ပြေရဲ့လား

နတ်ဆရာdo byunနဲ့သီးသန့်တွေ့ချင်လို့ နတ်နန်းဆက်ခံပွဲအပြီးတွင် ခေါ်ထားလိုက်တာကြောင့် byunက အဖြူအမဲနတ်နန်းဝတ်စုံဖြင့်သာ ရှိနေသေးသည်။နတ်နန်းအကြီးအကဲပြောင်းလဲတိုင်း တော်ဝင်မိသားစုဝင်တွေ တက်ရောက်ပေးရကာ အဖြူအမဲစပ်ဝတ်စုံကိုသာ ဝတ်ဆင်ရသော အစဉ်အလာတစ်ခုကြောင့် ဖြစ်သည်။

byun:ပြေပါတယ်။ဒါပေမဲ့……ကိစ္စတွေအများကြီးဖြစ်သွားတယ်

do:ငါသိတယ်။ဒီကြားထဲကိစ္စတွေအမျာကြီးဖြစ်ပြီးနောက်ထပ်ကိစ္စတွေအများကြီးထပ်ဖြစ်ဦးမယ်ဆိုတာငါသိနေတယ်

byun:ဘာကိုလဲ

do:မင်းမြင်ခဲ့တဲ့အနာဂတ်ရဲ့အကြောင်းကိုငါသိရပြီ

byun:တစ်ကယ်လား

byunအားရပါးရမေးပြီးမှမျက်နှာလေးပြန်ညှိုးသွားကာ

byun:ကောင်းတဲ့ကိစ္စတော့မဟုတ်ဘူးမဟုတ်လား

do:မကောင်းတဲ့အပြင်တော်တော်ဆိုးတယ်

byun:ဘာတွေမို့လို့လဲ

do:မင်းမြင်ခဲ့တဲ့အနာဂတ်ကအခုချိန်ကနေစပြီးဖြစ်လာတော့မှာဒီတစ်လပြည့်တာနဲ့ဖြစ်လာမှာ

byun:မင်းအားလုံးကိုသိရပြီပေါ့

do:အင်း

byun:ဘာတွေလဲ။အဲ့အနာဂတ်က။နန်းတော်တစ်လုံးသွေးတွေနဲ့လွှမ်းနေတာကသာမန်ကိစ္စတော့မဖြစ်နိုင်ဘူး

do:အဲ့ဒါတွေကမင်းကြီးသတ်ခဲ့တဲ့လူတွေကြောင့်ပဲ

byun:မင်းကြီးသတ်ခဲ့တဲ့လူတွေ?

do:သူတို့ရဲ့ရန်ငြိုးကအစကတော့သိပ်မကြီးထွားပေမဲ့မယ်တော်ကြီးသေဆုံးပြီးနောက်ပိုင်းမှာဖြစ်လာတာ……ရန်ငြိုးတွေကနေကျိန်စာတွေအဖြစ်

byun:ဘာလို့လဲ

do:မင်းလည်းသိတယ်မဟုတ်လား။မယ်တော်ကြီးကိုမင်းကြီးသတ်တာကအကောင်းတွေဖြစ်မလာနိုင်ဘူးဆိုတာ

အရှင်(master)Donde viven las historias. Descúbrelo ahora