4

11.6K 919 9
                                    

အရှင်(master)
အပိုင်း-၎

ဂိုလျောနန်းတွင်းတစ်ခုလုံးမင်းကြီးparkရဲ့အောင်မြင်မှုများနဲ့ပြန်ရောက်လာတာကြောင့်မင်းကြီးအတွက်ကြိုဆိုပွဲနဲ့ဂုဏ်ပြုညစာစားပွဲကျင်းပကြသည်။

အနီရောင်မီးပုံများချိတ်ဆွဲထားပြီးပိုးပုဝါစအနီများနဲ့ပြင်ဆင်ထားတဲ့ညစာစားပွဲနေရာဟာအရမ်းကိုခမ်းနားလွန်းသည်။byunသူ့ရှေ့မှာချထားသောအသား၊အသီးနဲ့အချိုပွဲမုန့်တွေကိုကြည့်ပြီးနေ့လည်ကသူတွေ့ခဲ့တဲ့ ဂိုလျောပြည်သူတွေကိုမျက်စိထဲမြင်ယောင်လာတယ်။လှပတဲ့ရွှေရောင်အနားကွတ်ထားတဲ့ငွေခွက်တစ်ခွက်ထဲကို byunသေရည်လောင်းထည့်ပြီးတစ်ခွက်မော့သောက်လိုက်တယ်။ပြီးတော့မင်းကြီးparkကိုကြည့်လိုက်သည်။

အရှေ့က ကချေသည်တွေကိုအာရုံမစိုက်ပဲ သူ့ဘေးနားမှာထိုင်နေတဲ့မိဖုရားလတ်ကိုမုန့်ခွံ့ကျွေးနေတဲ့ မင်းကြီးpark။မိဖုရားလတ်သည် ရှိသမျှမိဖုရား၊ကိုယ်လုပ်တော်များထဲတွင်မင်းကြီးpark အချစ်ဆုံးမိဖုရားတစ်ပါးပင်။မင်းကြီးparkရဲ့အထူးချစ်ခင်ခြင်းကိုရထားသော မိဖုရားလတ်ကဒေါင်းယောင်ဆောင်ထားသောကျီးလိုပင်။

မင်းကြီးparkရှေ့တွင်သူသည်အလွန်တရာမှချောမောကာစိတ်ထားကောင်းသောမိန်းကလေးဖြစ်ပေမဲ့နောက်ကွယ်တွင် တော့အလွန်ခက်ထန်မာနကြီးသောသူတစ်ယောက်ဖြစ်တယ်။ပညာရေးအမတ်ရဲ့သမီးပီပီပညာရှိနည်းဖြင့်နှိပ်စက်တတ်တယ်။ဥာဏ်ကိုအမျိုးမျိုးသုံးတတ်ပြီးယာယီအိမ်ရှေ့စံနေရာယူထားတဲ့မင်းသားငယ်sehunကိုလဲလုပ်ကြံဖို့ကြိုးစားနေသူတစ်ဦး။ ပြီးတော့မင်းကြီးparkရဲ့မယ်တော်ကြီးအချစ်ကိုရထားသောမိဖုရားလတ်သည်မိဖုရားကြီးကိုတောင်မထီမဲ့မြင်ပြုတတ်သည်။

sehunကအရင်မင်းကြီး၏ဆုံးသွားသောမိဖုရား၏သားဖြစ်သည်။မင်းကြီးparkကsehunကိုယာယီအိမ်ရှေ့စံနေရာပေးခဲ့တော့မိဖုရားငယ်နဲ့မယ်တော်ကြီးတို့sehunကိုအမျိုးမျိုးလုပ်ကြံခဲ့သည်။အမတ်တွေကိုသွေးခွဲကာsehunဘက်မှာတစ်ယောက်မှမရှိအောင်လုပ်ခဲ့သည်။ နောက်ဆုံးsehunကိုထောင်ချောက်ဆင်ဖမ်းကာနန်းတွင်းထိန်းချုပ်ဖို့ကြိုးစားနေတဲ့အချိန်မှာ မင်းကြီးparkပြန်ရောက်လာတော့သူတို့အစီအစဉ်လွဲချော်ခဲ့ရသည်။

အရှင်(master)Où les histoires vivent. Découvrez maintenant