13(unicode)

2.2K 197 2
                                    

အရှင်(master)
အပိုင်း-၁၃

နန်းတော်အပြင်ရောက်တာနဲ့ဈေးလမ်းတစ်လျှောက်ဈေးသည်တွေရဲ့အသံတွေနဲ့ဆူညံနေသည်။ခြင်းတောင်းလေးတွေဆွဲပြီးဈေးဝယ်ထွက်နေကြတဲ့ဂိုလျောပြည်သူတွေဟာ လည်းမနည်းပေ။အရမ်းမကျယ်သောလမ်းဖြစ်သောကြောင့်ဈေးဝယ်သူတွေနဲ့ပြည့်ကျပ်နေသည်။ဂိုလျောသည်နိုင်ငံတော်တော်များများကိုလက်အောက်ခံနိုင်ငံအဖြစ်သိမ်းထားတာကြောင့်ဒေသစုံကပစ္စည်းတွေသည်ဂိုလျောမြို့တော်ကိုသာရောက်လာတတ်သည်။အခွန်တွေ၊မြို့ဝင်ကြေးတွေကောက်နေသော်လည်းဂိုလျောကထွက်သွားသည့်ကုန်သည် သည်ခနသာထွက်သွားခြင်းဖြစ်သည်။သိပ်မကြာခင်ပဲပြန်ရောက်လာတတ်သည်။အခြားသောမြို့များတွင်ကုန်ပစ္စည်းများသည်ဂိုလျောလောက်အရောင်းမသွက်သည့်အပြင်ဂိုလျောမြို့မှာလောက်လဲဈေးကောင်းမရပေ။ဒါကြောင့်byunနိုင်ငံကုန်သည်တော်တော်များများဂိုလျောကိုပြန်ရောက်လာကြသည်။

byun:minတည်းခိုခန်းတစ်ခုမှာအရင်တည်းရအောင်

xiu:ကောင်းပါပြီ။ကျွန်တော်သွားစုံစမ်းလိုက်ပ့ါမယ်

byun:ခဏ။လူတွေအများကြီးရှိတဲ့တည်းခိုဆောင်မှာမတည်းချင်ဘူး။ဖြစ်နိုင်ရင်သီးသန့်အိမ်လေးတစ်လုံးလောက်ငှါးပေးပါလား။အရေးကြီးကိစ္စကိုစုံစမ်းရမှာဆိုတော့လူတွေအများကြီးရှိတဲ့နေရာနဲ့အဆင်မပြေဘူး

xiu:နားလည်ပါပြီ

xiuminဓားတစ်လက်နဲ့အတူတည်းခိုဆောင်ရှာဖို့ထွက်သွားလေသည်။xiuminထွက်သွားတော့မှbyunဂိုလျောရဲ့အကောင်းဆုံးဆောင်ကြာမြိုင်ကိုဝင်သွားခဲ့သည်။

krisနှင့်tao ဈေးထဲမှာလူတိုးနေရင်းbyunနောက်ကိုမျက်ခြေမပျက်အောင်လိုက်နေရသည်။တစ်နေရာရောက်တော့xiuminကသက်သက်ထွက်သွားပြီးbyunကကျန်နေခဲ့သည်။နှစ်ယောက်စလုံးကbyunကိုပဲကာကွယ်ပေးဖို့အမိန့်ပေးခံထားရတာကြောင့်byunနောက်ကိုသာဆက်လိုက်လာခဲ့သည်။byunကဂိုလျောရဲ့နာမည်ကြီးဆောင်ကြာမြိုင်တစ်ခုဆီဝင်သွားတော့နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး

tao:ကိုယ်လုပ်တော်byunကဆောင်ကြာမြိုင်ကိုဘာသွားလုပ်တာလဲ

wu:မသိဘူးလေ

အရွင္(master)Donde viven las historias. Descúbrelo ahora