22(unicode)

2.5K 188 1
                                    

အရှင်(master)
အပိုင်း-၂၂

မင်းကြီးparkစာကြည့်ဆောင်မှာအရာရှိစာမေးပွဲနဲ့ပက်သက်တဲ့လျှောက်တင်လွှာတွေကိုဖတ်နေတုန်း

မယ်တော်ကြီး:park chanyeol!!!!

ဒေါသတကြီးဒုန်းစိုင်းဝင်လာတဲ့မယ်တော်ကြီးကြောင့်မင်းကြီးparkဖတ်လက်စစာလိပ်ကိုပြန်လိပ်လိုက်ပြီးစားပွဲခုံပေါ်တင်ထားလိုက်သည်။ပြီးတော့မယ်တော်ကြီးရပ်နေတဲ့အနားကိုသွားကာ

park:ဘာတွေကိုများဒေါသတကြီးဖြစ်နေရတာပါလဲမယ်တော်

မယ်တော်ကြီး:ဘယ်လိုလုပ်လိုက်တာလဲpark chanyeol။ကိုယ်လုပ်တော်byunကိုလူသတ်ကွင်းထဲကနေခေါ်သွားတဲ့ကိစ္စလေ။မင်းကိုယ်တိုင်သတ်ဖို့အမိန့်ချပြီးသားမဟုတ်လား။ဘာကိုဗလောင်းဗလဲလုပ်ချင်နေတာလဲ

park:ဗလောင်းဗလဲလုပ်တယ်?ဘယ်သူလဲ?သားတော်လား?

မင်းကြီးparkရဲ့အရူးကွက်နင်းမေးခွန်းကြောင့်မယ်တော်ကြီးမှာအသားတွေတဆတ်ဆတ်တုန်အောင်စိတ်တိုလာကာ

မယ်တော်ကြီး:မင်းကြီး!!!!

park:အဲ့ကိစ္စကဗလောင်းဗလဲမဟုတ်ပါဘူးမယ်တော်။အမိန့်စာကအတုကြီးဖြစ်နေတဲ့အပြင်တံဆိပ်တုံးထုထားတဲ့ဟာကလည်းအတုကြီးပါ။အစစ်ကသားတော်လက်ထဲမှာပဲရှိနေတာပါ

မယ်တော်ကြီး:ဘာပြောတယ်

park:အတုကြီးလေ။အခုမယ်မယ်တို့ကအမိန့်စာအတုကိုပြုလုပ်ထားတဲ့အပြစ်ကိုကျူးလွန်မိနေပြီဆိုတာသိရဲ့လား

မင်းကြီးparkရဲ့စကားကြားတော့မှမယ်တော်ကြီးတစ်ယောက်ထောင်ချောက်မိသွားမှန်းသိပြီးမကြိတ်နိုင်မခဲနိုင်ဖြစ်သွားသည်။

park:အမိန့်စာအတုကိုထုတ်ပြန်တာကသေဒဏ်ပဲ

မယ်တော်ကြီး:ဒါဆိုရင်ကိုယ်လုပ်တော်byunအစားမယ်တော့်ကိုသတ်မယ်ပေါ့.ဟုတ်လား?

park:သတ်စရာလားမယ်တော်ရယ်။မသတ်ပါဘူး။အဲ့ဒါနဲ့byunရဲ့အသက်ကိုလဲမှာပါ

မယ်တော်ကြီး:ဟက်.ပြစ်မှုတစ်ခုတည်းနဲ့တော့လာမပြောနဲ့သားတော်။ဒီတိုင်းပြည်ရဲ့မယ်တော်ကြီးရဲ့အသက်ကကိုယ်လုပ်တော်တစ်ယောက်ရဲ့အသက်ထက်အများကြီးသာတယ်

အရွင္(master)Donde viven las historias. Descúbrelo ahora