63(unicode)

1.4K 107 0
                                    

အရှင်(master)
အပိုင်း-၆၃

byunအခန်းထဲမှာသူ့လက်ကိုဆေးလူးနေတုန်းကျောပြင်ကနေတစ်ယောက်ယောက်ရဲ့ဖက်တွယ်မှုကိုခံလိုက်ရသည်။ရင်းနှီးနေတဲ့အပြင်သတိရနေတဲ့ကိုယ်သင်းရနံ့လေးကြောင့်

byun:အရှင်

park:တောင်းပန်ပါတယ်

byun:ရပါတယ်။အရှင်နဲ့ကျွန်တော်ကတောင်းပန်ရမဲ့သူတွေမှမဟုတ်တာ

မင်းကြီးpark byunကိုသူနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်လိုက်ပြီးbyunပါးလေးကိုအုပ်ကိုင်ရင်း

park:byunပိန်သွားတယ်

မင်းကြီးparkအပြောကြောင့်byunခေါင်းလေးငုံ့သွားသည်။ဝမ်းနည်းမှုတို့ကမျက်ဝန်းအပြည့်တည်ရှိနေသည်။

park:ဒီအခြေအနေကလွတ်အောင်byunကိုယ်တိုင်ရုန်းထွက်မှရမှာ

byun:ဘာလို့လဲ။အရှင့်ရဲ့အရင်တုန်းကအကျင့်တွေကဘယ်ရောက်သွားတာလဲ။ဘယ်တုန်းကအရှင့်ရဲ့ရက်စက်ထက်မြက်မှုတွေကပျောက်ကွယ်ကုန်တာလဲ။byunနဲ့chanbaeကိုတောင်ထိခိုက်စေနိုင်လောက်တဲ့အထိဘာတွေကများအရှင့်ကိုချုပ်ကိုင်နိုင်တာလဲ

park:ကိုယ်လုပ်နေတာတွေအားလုံးကbyunနဲ့chanbaeအတွက်ပါ

byun:အဲ့စကားကိုမှတ်ထားပါ။တစ်နေ့နေ့တစ်ချိန်ချိန်ရောက်ရင်အဲ့စကားရဲ့စကားလုံးတွေကမပြောင်းလဲပဲရှိနေပါစေ

park:byun……

ဆုန်းဂျီဟို:မင်းကြီးကအခေါ်တော်ရှိပါတယ်

byunကောမင်းကြီးparkကောကြောင်သွားပြီးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိလိုက်သည်။

မင်းကြီးpark byunကိုခေါင်းငြိမ့်ပြလိုက်တော့byunကအထာနပ်စွာချစ်စရာကောင်းအောင်ပြန်ပြုံးပြပြီး

byun:လမ်းပြပါ

ဆုန်းဂျီဟို:ဟုတ်ကဲ့

ဆုန်းဂျီဟိုနဲ့byunထွက်သွားတော့မှမင်းကြီးparkအနောက်ကနေတိတ်တိတ်လေးလိုက်သွားသည်။byunကိုမေ့ဆေးပေးပြီးခေါ်သွားတာမြင်တော့

park:ဘယ်ကိုခေါ်သွားတာလဲ

ဆုန်းဂျီဟို:သူ့အိမ်ပဲဖြစ်ဖို့များပါတယ်။အနောက်ကနေshin yaလိုက်သွားတာမို့လို့အရမ်းတော့စိတ်ပူစရာမရှိပါဘူး

အရွင္(master)Donde viven las historias. Descúbrelo ahora