37(unicode)

2K 155 0
                                    

အရှင်(master)
အပိုင်း-၃၇

ချီတိုင်းပြည်ကျန်းထုံပြည်နယ်

ုမြို့စားမင်းzhang yixingနှင့်သူ့ရဲ့ယောက်ျားkim suhoတို့နေ့လည်စားစားနေသည်။နှစ်ယောက်လုံး ဂိုလျောကပြန်လာကတည်းက သိပ်စကားမပြောဖြစ်။အရင်ကမှ နှစ်ယောက်သား အားရင်အားသလိုစကားပြော၊ စကားနိုင်လုနေသေးသည်။အခုကတော့ suhoကလည်း ဘာစကားမှမပြောသလို yixingကလည်း suhoစိတ်ဆိုးအောင် ဘာတွေများလုပ်မိသေးလဲဆိုပြီး စဉ်းစားနေသည်။ဒီလိုနဲ့suhoထမင်းစားပြီးသွားပြီး

suho:ကျွန်တော်စားပြီးသွားပြီ

yixingကြက်သားအရိုးကိုက်နေရင်း suhoကိုမျက်လုံးလေးလှန်ကြည့်လိုက်သည်။suhoကတော့ သူ့ကိုအသိပေးသလိုလေးပဲပြောကာ ထွက်သွားတာကိုကြည့်ရင်း yixingအရိုးကိုက်ချင်စိတ်မရှိတော့။ခါတိုင်းဆို သူတို့နှစ်ယောက် အရိုးပြိုင်လုနေကျကို အခုလိုတစ်ယောက်တည်းစားနေရတော့ စိတ်တောင်မကောင်းဘူး……။နှစ်ယောက်လုံးက ကြက်သားထက် ကြက်ရိုးကိုပိုကြိုက်ကြသည်။အသားစားချင်ရင် တခြားအသားစားသည်။မြို့စားမင်းနှင့် သူ့ရဲ့ယောကျာ်းသည် အဲ့လိုအထူးအဆန်းတွေကြိုက်ကြသည်။

suho အိမ်တော်အနောက်ဘက်ရှိ ဥယျာဉ်ထဲက ဇရပ်လေးတွင်ထိုင်နေပြီး မေးလေးထောက်ကာ ကြွေအိုးဖြူလေးထဲက ကျားစေ့အဖြူလေးတွေကို ရေတွက်နေသည်။ပုံမှန်ဆိုရင် ထမင်းစားပြီးတိုင်း သူနဲ့yixing ဒီဇရပ်မှာထိုင်ပြီးကျားထိုးနေကျ……။အခုတော့ သူစိတ်မပါပေ။

yixing:ဘာဖြစ်နေတာလဲhoလေး

yixing suhoကိုအနောက်ကနေသိုင်းဖက်ပြီး

yixing:ထမင်းလည်းသိပ်မစားဘူး။နေမကောင်းဘူးလား

suho:xing

yixing:ပြောလေ

suho:ကျွန်တော့်ကိုချစ်ရဲ့လား

yixing:ဘာလို့မေးတာလဲ

suho:မင်းကြီးparkကြောင့်ကျွန်တော့်ကိုလက်ထပ်ခဲ့တာလား

yixing:hoလေးရယ်။မင်းကြီးကိစ္စကမင်းကြီးကိစ္စလေ။hoလေးကိုကကိုယ်တစ်ကယ်ချစ်လို့လက်ထပ်ခဲ့တာပါ

suho:ဟုတ်ကောဟုတ်ရဲ့လား

suhoရဲ့မျက်နှာလေးကဆူပုတ်နေကာyixingကိုမယုံသလိုလေးမေးလိုက်တော့yixingကရယ်သည်။

အရွင္(master)Donde viven las historias. Descúbrelo ahora