အရှင်(master)
အပိုင်း-၅၉မင်းကြီးpark byunအထိန်းတော်လေးတစ်ယောက်လာပြောသည့် စကားကြောင့် နည်းနည်းတော့ စိတ်ထဲထင့်သွားသည်။တစ်ကယ်ပဲ chanbaeသာတစ်ခုခုဖြစ်ရင် သူ့ဆီကို အရင်သတင်းရောက်ရမှာမဟုတ်ဘူးလား။
kai:မင်းကြီး
ရုတ်တရက်ရောက်လာတဲ့kaiဟာ တောင်ပေါ်ကိုေ ပေးတက်လာမှန်း သိသာလွန်းသည်။နဖူးနဲ့နားထင်တစ်လျှောက်မှာ ချွေးတွေစို့နေပြီး အသက်ကိုပြင်းပြင်းရှူသွင်းနေသည်။
park:ပြန်ရောက်လာပြီလားkai
kai:ကျွန်တော်ပြန်ရောက်ပါပြီမင်းကြီး။ကိုယ်လုပ်တော်byunကြောင့်အမြန်ပြန်လာခဲ့တာပါ။ကိုယ်လုပ်တော်byunမှာအန္တရာယ်ရှိနေပါတယ်မင်းကြီး
park:ဘာပြောတယ်
မင်းကြီးpark kaiရဲ့အပြောကို အမေးလေးနဲ့တုန့်ပြန်လိုက်ပေမဲ့ တစ်ဆက်တည်းစဉ်းစားမိလိုက်တာက byunနန်းတော်ကိုပြန်သွားသည့်ကိစ္စ……
park:byunကနန်းတော်ကိုပြန်သွားပြီ
kai:ကိုယ်လုပ်တော်byunကနန်းတော်ကိုပြန်သွားတာလား။ကျွန်တော်လည်းမတွေ့မိပါဘူး
park:နန်းတော်ရောက်သွားလို့နေမှာပေါ့
kai:မဟုတ်ဘူးမင်းကြီး။ကျွန်တော်နန်းတော်ကိုအရင်သွားပြီးမှဒီကိုလာခဲ့တာပါ။နန်းတော်မှာလည်းကိုယ်လုပ်တော်မရှိသလိုဒီနဲ့နန်းတော်ကိုသွားတဲ့လမ်းတစ်လျှောက်မှာလည်းမတွေ့ခဲ့ပါဘူး
kaiစကားကြောင့် မင်းကြီးpark byunကိုစိတ်ပူသွားသည်။
park:byunဘယ်ဘက်ကိုထွက်သွားတာလဲ
မင်းကြီးpark byunအထိန်းတော်ကိုမေးလိုက်တော့ သူက byunထွက်သွားတဲ့နေရာကို ညွှန်ပြသည်။
park:ဒါက………နန်းတော်ကိုသွားတဲ့လမ်းမှမဟုတ်တာ
မင်းကြီးparkဝမ်းနည်းမှုနဲ့အတူ ဒေါသထွက်သွားသည်။စိုးရိမ်မှုနဲ့အတူ မျက်ရည်တွေပါဝဲလာသည်။
park:အခုချက်ချင်းတစ်တောင်လုံးကိုပိုက်စိပ်တိုက်လိုက်ရှာကြစမ်း
'ဟုတ်ကဲ့မင်းကြီး'
မင်းကြီးparkနှင့်ပါလာသော ရဲမက်တွေနဲ့ အထိန်းတွေအပြင် ဘုန်းကြီးတွေပါ ဝိုင်းပြီး ရှာပေးကြသည်။
YOU ARE READING
အရှင်(master)
Fanfictionbyunသည် မင်းကြီးparkသတ်မှ သေမည့်ကံဇာတာဆိုလျှင်.........မင်းကြီးparkကိုအသေသတ်ခဲ့သည်က byunကိုချစ်သောစိတ်ပင်......... byunသည် မင်းကြီးparkသတ်မှ သေမည့်ကံဇာတာဆိုလျှင်.........မင်းကြီးparkကိုအသေသတ်ခဲ့သည်က byunကိုချစ်သောစိတ်ပင်......... by အရွင္(master) #c...