အရှင်(master)
အပိုင်း-၇၄အနီရောင်ပိုးပုဝါစတွေနဲ့အနီရောင်အခင်းကိုခင်းထားသောလျှောက်လှမ်းတစ်လျှောက်တွင်မင်းကြီးparkနှင့်byunတို့အတူလျှောက်လာသည်။
အမတ်တွေနှင့်မင်းသားတွေကအနီရောင်တူညီဝတ်စုံကိုရွှေဖြင့်ပြုလုက်ထားသောခေါင်းဆောင်းတွေကိုဆောင်းထားကြသည်။
မင်းကြီးparkကအနီရောင်ပိုးထည်ဝတ်ရုံကြီးနှင့်ရွှေအတိပြီးသောခေါင်းဆောင်းကြီးကိုဆောင်းလျက်လက်ထဲတွင်ကျမ်းသစ္စာဆိုလျှင်ကိုင်သည့်အဖြူရောင်ကျောက်တိုင်လေးကိုကိုင်ထားသည်။
byunကလည်းအနီရောင်ပိုးသားဝတ်ရုံအပြင်ဆံပင်တွေကိုအကုန်သိမ်းထုံးထားပြီးရွှေခေါင်းဆောင်တစ်ခုကိုသာဆောင်းထားသည်။ထို့နောက်တွင်တော့ကျောက်ဖြူဆံထိုးတစ်ခုကိုသာထိုးထားသည့်byunရဲ့မျက်နှာလေးသည်ရှင်းလင်းပြီးချောမောလှသည်။byunလက်ထဲတွင်လည်းမင်းကြီးparkကဲ့သို့ကျောက်တိုင်လေးကိုကိုင်ထားသည်။
လျှောက်လမ်းရဲ့အဆုံးတွင်တော့အထပ်ပေါင်းများစွာရှိသည့်လှေကားထစ်တွေအပေါ်တွင်မင်းကြီး၏ပုလ္လင်နှင့်ကြင်ယာတော်၏ပုလ္လင်တို့ကိုပူးတွဲချထားသည်။ဘေးတွင်တော့အိမ်ရှေ့စံနှင့်တခြားသောမင်းသားများထိုင်ရန်ခုံတွေချထားပေးသည်။မင်းကြီး၏ပုလ္လင်ရှေ့တွင်တော့နတ်ဆရာdoကနတ်နန်းဝတ်စုံကိုဝတ်ကာစောင့်နေသည်။
ဒီနေ့သည်ဂိုလျောလက်အောက်ခံတိုင်းပြည်များအားလုံးပေါင်းကာဧကရာဇ်နိုင်ငံတည်ထောင်သောနေ့ဖြစ်သလိုchanbae၏မွေးနေ့လည်းဖြစ်သည်။ထို့အပြင်byunအားကြင်ယာတော်ဘွဲ့ပေးပြီးမင်းသားchanbaeကိုအိမ်ရှေ့စံဘွဲ့အပ်နှင်းပေးသောအခမ်းအနားလည်းဖြစ်သည်။
အားလုံးသိထားသလိုဧကရာဇ်၏ပထမဦးဆုံးဘုရင်သည်chanbaeမဟုတ်ခဲ့ပေ။
မင်းကြီး၏သစ္စာဆိုချိန်ပြီးမှာတော့byunကကြင်ယာတော်ဖြစ်သွားသည့်အတွက်ထပ်ပြီးကျမ်းသစ္စာဆိုရသည်။ထို့နောက်တွင်တော့အိမ်ရှေ့စံမင်းသားဖြစ်သည့်chanbaeကထပ်ပြီးကျမ်းသစ္စာဆိုရသည်။နောက်ဆုံးတွင်တော့လက်အောက်ခံတိုင်းပြည်များနှင့်အမတ်တွေကကျမ်းသစ္စာဆိုရသည်။အားလုံးပြီးသည့်နောက်တွင်တော့အိမ်ရှေ့စံအားသူ၏ကြင်ယာတော်နှင့်လက်ဆတ်ပေးသည့်အခမ်းအနားကိုဆက်လုပ်ခဲ့သည်။
VOCÊ ESTÁ LENDO
အရှင်(master)
Fanficbyunသည် မင်းကြီးparkသတ်မှ သေမည့်ကံဇာတာဆိုလျှင်.........မင်းကြီးparkကိုအသေသတ်ခဲ့သည်က byunကိုချစ်သောစိတ်ပင်......... byunသည် မင်းကြီးparkသတ်မှ သေမည့်ကံဇာတာဆိုလျှင်.........မင်းကြီးparkကိုအသေသတ်ခဲ့သည်က byunကိုချစ်သောစိတ်ပင်......... by အရွင္(master) #c...