61(unicode)

1.5K 126 0
                                    

အရှင်(master)
အပိုင်း-၆၁

chanbae chanchinမြှားပစ်လေ့ကျင့်တာကိုအဝေးကနေကြည့်နေသည်။အခုထိမြှားကအနီဝိုင်းထဲဝင်ဖို့မပြောနဲ့သစ်သားပြားမှာတောင်မစိုက်သေးဘူး။

chanchinထပ်ပြီးလေးကြိုးကိုဆွဲကာနောက်တစ်ချောင်းပစ်ဖို့ပြင်ပြန်သည်။

chanbae:ဒီလိုပစ်နေရင်ထိမှာမဟုတ်ဘူး

chanbae chanchinကိုအနောက်ကနေသိုင်းဖက်ကာchanchinလက်ကိုထပ်ကိုင်လိုက်သည်။

chanchin:ညီတော်

chanbae:သေချာကြည့်…ညီတစ်ခါပဲသင်ပေးမှာ

chanbaeရင်ခွင်ထဲမြုပ်နေသောchanchinလေးမြှားကိုအာရုံစိုက်ထားပေမဲ့စိတ်တွေကပျံ့နေသည်။ရှက်တာလား၊ကြောက်တာလားမကွဲပေ။အရှေ့ကိုအာရုံစိုက်နေပေမဲ့စိတ်တွေကလည်ပင်းကိုလာထိနေတဲ့အသက်ရှူငွေ့ဆီကိုသာရောက်နေသည်။

chanbaeလက်လွှတ်လိုက်တော့ပြေးထွက်သွားတဲ့မြှားဟာအနီရောင်စက်ဝိုင်းရဲ့အလယ်ကိုမထိပေမဲ့စက်ဝိုင်းထဲကတော့မထွက်ပေ။

chanbae:လေ့ကျင့်ဖို့လိုသေးတာပဲ

chanbaeသက်ပြင်းလေးချပြီးပြောလိုက်သည်။အခုထိchanchinလက်ကိုမလွှတ်ရသေးဘဲအနောက်ကနေဖက်ထားတုန်း……

chanchinကတော့ဘာမှမပြောဘဲကြောင်တောင်တောင်ကြီးရပ်နေသည်။

chanbae:hyungဒါလေးတောင်သေချာမပစ်တတ်ဘူးလား

chanbae chanchinကိုသူ့ဘက်ဆွဲလှည့်ပြီးဆူလိုက်သည်။ဒါတောင်chanchinကအသိမကပ်သေးပေ။

chanbae:hyung…hyung

chanchin:ဟင်……အင်း…ပြော

chanbae:hyungနေမကောင်းဘူးလား

chanchin:ဘာ…ဘာလို့လဲ

chanbae:မျက်နှာကြီးနီနေတယ်

chanchin:ဟုတ်လား

chanbaeအပြောကြောင့်chanchinသူ့ပါးလေးတွေကိုပြန်စမ်းကြည့်ရင်း

chanchin:နေပူလို့ဖြစ်မယ်

chanbae:ဟုတ်လောက်မယ်။hyungကလည်းနုလိုက်တာ

chanchin:ဒီလိုပဲဖြစ်နေကျ။စိတ်ထဲမထားနဲ့

chanchinခပ်ယဲ့ယဲ့လေးပြုံးပြီးပြောသည်။chanbae chanchinလက်ထဲကလေးကိုယူလိုက်ပြီး

အရွင္(master)Where stories live. Discover now