3(unicode)

2.8K 231 0
                                    

အရှင်(master)
အပိုင်း-၃

မိုးလင်းသော်

byunအိပ်ယာကနိုးလာတော့ဘေးမှာ မင်းကြီးparkကိုမတွေ့တာကြောင့် သူဝတ်ရမဲ့အဝတ်အစားတွေဝတ်ပြီး ဆံပင်ကိုအပေါ်တစ်လွှာသာစည်းပြီးချထားသည်။စည်းထားတဲ့နေရာမှာခရမ်းရောင်ဖဲကြိုးလေးစည်းပြီး အပြင်ကိုထွက်လာတဲ့byunဟာ ယောကျာ်းလေးလို့မထင်ရက်လောက်အောင်ကို လှရက်လွန်းသည်။

byunအပြင်ကိုထွက်လာတော့စစ်တိုက်ဖို့အတွက် သံချပ်အကျီတွေကိုဝတ်ဆင်ပြီးစစ်ထွက်ဖို့အသင့်ဖြစ်နေတဲ့တပ်ကိုတွေ့လိုက်ရတော့byunအံ့သြသွားသည်။

byun pov:မြို့တော်ကိုမပြန်သေးဘူးလား

byunစဉ်းစားနေတုန်းမှာမင်းကြီးparkရဲ့ ကိုယ်ရံတော့kaiရောက်လာပြီး byunကိုခေါင်းငုံ့အရိုအသေပေးလိုက်ကာ

kai:ကိုယ်လုပ်တော်byunနိုးလာရင် မင်းကြီးဆီလာခဲ့ဖို့မှာခဲ့ပါတယ်

byun:လမ်းပြပါ

kai:ကြွပါ

kaiကအရှေ့ကနေလျှောက်ရင်း byunကိုခေါ်ဆောင်သွားသည်။

ရာချီနေတဲ့တဲစခန်းတွေကိုဖြတ်ကျော်ကာ မင်းကြီးparkရဲ့တဲစခန်းကိုရောက်လာခဲ့သည်။ ရွှေရောင်သမ်းနေတဲ့နေမင်းရဲ့အောက်မှာ စိမ်းလဲ့နေတဲ့သစ်တောအုပ်ကိုမျက်စိတစ်ဆုံး မြင်တွေ့နေရသည်။ထို့အပြင်လေ့ကျင့်ရေးလုပ်တဲ့မြေပြန့်ကျယ်ဟာလည်း ကြီးမားလွန်းကာဖုန်တစ်လူးလူးဖြစ်နေခဲ့တယ်။

'မင်းကြီးကိုယ်လုပ်တော်byunအခစားဝင်ပါတယ်'

park:ဝင်လာခိုင်းလိုက်

'ဟုတ်ကဲ့မင်းကြီး'

လိုက်ကာရွက်ဖျင်ရဲ့အနောက်ကနေ ဝင်လာခဲ့တဲ့ကိုယ်လုပ်တော်byunဟာ ခရမ်းရောင်ဝတ်စုံလေးနဲ့ဆံပင်လေးတွေကိုချထားပြီး မင်းကြီးparkရဲ့အကြည့်တစ်စုံကိုသိမ်းယူလိုက်သည်။

byun:အရှင်အခေါ်တော်လွှတ်ထားတယ်ဆိုလို့ အခစားဝင်တာပါ

ခေါင်းလေးငုံ့ပြီးအရိုအသေပေးကာပြောနေသည့် byunပုံစံကချစ်စရာကောင်းလှသည်။

park:ဟုတ်တယ်။ဒီနားလာခဲ့

byun:ဟုတ်ကဲ့အရှင်

အရွင္(master)Where stories live. Discover now