အရှင်(master)
အပိုင်း-၄၈sehunစခန်းထဲကနေမြင်းကိုဒုန်းစိုင်းစီးပြီးထွက်လာခဲ့သည်။Luhanထွက်ပြေးမှာစိုးလို့ခြေထောက်တစ်ဖက်ကိုချိုးခဲ့ပေမဲ့သူ့ရင်ထဲကနှလုံးသားလေးအချိုးခံနေရတာတော့မည်သူမှမမြင်ခဲ့ပေ။
သူLuhanကိုချစ်သည်။ပြောမပြတတ်အောင်ကိုချစ်သည်။အဲ့ဒါကြောင့်လည်းမင်းကြီးparkဆီကလက်ဆောင်အဖြစ်ရထားပေးမဲ့လည်းသူတန်ဖိုးထားသည်။Luhanအထင်မလွဲစေဖို့မိန်းမအရှုပ်အရှင်းကင်းအောင်နေသည်။ဆောင်ကြာမြိုင်ဆိုသည့်နေရာကသူ့အတွက်တော့စာလုံးပေါင်းရေးပြမှသာပေါ်ထွက်လာမည့်အမည်နာမတစ်ခုလိုပင်......။
သူLuhanကိုစိတ်ဆိုးသည့်အချိန်ကတစ်ချိန်တည်းသာရှိသည်။အဲ့ဒါကတော့သူမင်းကြီးparkကိုမကောင်းကြံတဲ့အချိန်သာဖြစ်သည်။တစ်ခြားအချိန်တွေဆိုရင်သူစိတ်မဆိုး၊စိတ်မတိုတတ်ပေမဲ့အဲ့တစ်ချိန်ကတော့လုံးဝသည်းမခံနိုင်ပေ။အခုကတော့နောက်ထပ်သည်းမခံနိုင်စရာတစ်ခုထပ်ပြီးပေါ်ထွက်လာပြန်သည်။သူ့အနားကထွက်သွားခွင့်ပြုပါတဲ့......
ဟက်......ဘယ်လောက်တောင်များရယ်စရာကောင်းလိုက်လဲ။သူ့ကိုအဲ့လောက်အထိတန်ဖိုးထားဂရုစိုက်ခဲ့တာကိုပြောထွက်တယ်။ပြီးတော့တစ်ယောက်နဲ့တစ်ယောက်မချစ်တာလဲမဟုတ်ဘဲနဲ့။ချစ်ရက်နဲ့ကိုခွဲနေနိုင်မယ်ထင်နေလားမသိဘူး။
သူနေနိုင်ရင်တောင်ကိုယ်ကတော့မနေနိုင်ပေ။လွန်ခဲ့တဲ့နှစ်တွေကတောင်သူ့ကိုသတိရလွန်းလို့၊လွမ်းလွန်းလို့သတိမရတဲ့အချိန်ဆိုတာမရှိပေ။တိုက်ပွဲတွေမှာဒဏ်ရာမရအောင်သူဂရုစိုက်သည်။Luhanသူ့အပေါ်စိုးရိမ်တာကိုမြင်ချင်ပေမဲ့စိုးရိမ်ပြီးသူ့မျက်နှာလေးညှိုးနေမှာကိုမမြင်ချင်တာကြောင့်ပင်။အသက်မသေအောင်ဂရုစိုက်ခဲ့သည်။သူLuhanနဲ့ခွဲဖို့အဆင်သင့်မဖြစ်သေးဘူး။
မိဘတွေဆွေမျိုးသားချင်းတွေလည်းသူဂရုစိုက်မှာမဟုတ်ဘူး။အခုချိန်မှာLuhanဟာသူ့အပိုင်။ဘယ်သူ့ဆီကိုမှပြန်မပေးနိုင်ဘူး။သူ့အနားမှာထားရဖို့အတွက်ဘာပဲလုပ်ရလုပ်ရဝန်မလေးဘူး။
se:ပြောမရရင်သတ်ပစ်ပြီးကိုယ့်ဘေးနားမှာပဲဆေးစိမ်ပြီးထားထားမှာ
VOCÊ ESTÁ LENDO
အရှင်(master)
Fanficbyunသည် မင်းကြီးparkသတ်မှ သေမည့်ကံဇာတာဆိုလျှင်.........မင်းကြီးparkကိုအသေသတ်ခဲ့သည်က byunကိုချစ်သောစိတ်ပင်......... byunသည် မင်းကြီးparkသတ်မှ သေမည့်ကံဇာတာဆိုလျှင်.........မင်းကြီးparkကိုအသေသတ်ခဲ့သည်က byunကိုချစ်သောစိတ်ပင်......... by အရွင္(master) #c...