32(unicode)

2.3K 171 0
                                    

အရှင်(master)
အပိုင်း-၃၂

byunနဲ့Luhanတို့ ရှင်းဂျိုတောင်ကို ရောက်လာပြီး မင်းကြီးparkပြင်ပေးထားတဲ့ အိမ်လေးဆီကို သွားကြည့်လိုက်ကြသည်။တောင်လယ်လောက်မှာရှိနေတဲ့ အိမ်လေးဟာခြံဝန်းလေးနဲ့ သပ်သပ်ရပ်ရပ်လေးရှိသည်။မြင်လိုက်တာနဲ့ နေချင်စရာကောင်းလောက်အောင် ဝါးလေးတွေသစ်သားလေးတွေကို အနုစိတ်ပိုင်းပြီး ဆောက်ထားသည်။

Lu:ဒီလောက်ရက်လေးအတောအတွင်းမှာဒီလိုအိမ်မျိုးရအောင်ဆောက်နိုင်တဲ့park chanyeolကိုတော့ငါတစ်ကယ်ချီးကျူးတယ်

Luhanအပြောကြောင့် byunပြုံးလိုက်သည်။သူ့ရင်ထဲပန်းတွေပွင့်သွားသလို ခံစားလိုက်ရသည်။တစ်ဆက်တည်းမှာပဲ မင်းကြီးparkရဲ့ byunအပေါ်ချစ်ခင်မှုကိုလည်း ခံစားလိုက်ရသည်။

byun:အထဲဝင်ရအောင်လေ

Lu:အင်း

byunနဲ့Luhanအထဲကိုဝင်သွားတော့ သစ်သားကုတင်လေးတွေနဲ့အတူ အဝတ်ထည့်ဖို့သစ်သားဗီရိုအသေးလေးတွေနဲ့ ထမင်းစားပွဲခုံ၊ထိုင်ခုံတို့ကို သူ့နေရာနဲ့သူ သပ်သပ်ရပ်ရပ်ချပေးထားသည်။အိပ်ယာပေါ်မှာလည်း ခင်းပြီးသားပိုးထည်စောင်တွေက ခေါက်လျက်သား နေရာယူထားသည်။

Luhanအဝတ်ဗီရိုလေးကို ဖွင့်ပြီးကြည့်လိုက်တော့ နန်းတော်ထဲမှာ byunဝတ်တဲ့အဝတ်အစားတွေအားလုံးက ရောက်နှင့်နေသည်။

Lu:hyunအဝတ်အစားတွေပါလာထားပေးသွားတာပဲ

byun:ဟုတ်လား

byunသွားကြည့်တော့ တစ်ကယ်ပဲbyunရဲ့အဝတ်အစားတွေအားလုံး ရှိနေသည်။byunပန်းနုရောင်ဝတ်ရုံလေးတစ်စုံကို ယူလိုက်ပြီးလက်ဖျားလေးနဲ့ ပွတ်ဆွဲလိုက်သည်။နူးအိနေသောပိုးသားလေးထဲ လက်ဖျားလေးနစ်ဝင်သွားမတတ် ပျော်ဝင်သွားသလို ခံစားလိုက်ရသည်။တစ်ဆက်တည်းမှာပဲ မင်းကြီးparkနဲ့byunရဲ့ တောကစားထွက်တဲ့အကြောင်းအရာလေးတွေကိုပါ ပြန်မြင်ယောင်လာသည်။

မင်းကြီးparkရဲ့ရင်ခွင်ထဲမှာနေပြီး မြင်းအတူစီးခဲ့စဉ်က မောပန်းနေသောမြင်းငယ်နဲ့အပြိုင် byunရဲ့နှလုံးသားလေးလည်းရင်ခုန်ရလွန်းလို့ မောပန်းနေခဲ့သည်။နန်းတော်ထဲမှာ ဂါဝရတရား၊စည်းမျဉ်းစည်းကမ်းတွေနဲ့သာ နေနေရသောဘဝကို byunပြောင်းလဲချင်တာကြောင့် နန်းပြင်ရောက်တော့ byun မင်းကြီးparkအပေါ်ဆိုးခဲ့တာလေးတွေကိုလည်း ပြန်တွေးမိရင်း အရူးတစ်ယောက်လို ပြုံးလိုက်မိပြန်သည်။မင်းကြီးparkရဲ့ သူ့ကိုချက်ကျွေးတဲ့ဆန်ပြုတ်ကြောင့် ခံတွင်းပျက်ချင်နေတာတောင် အဆင်ပြေသွားခဲ့သည်။ဒါပေမဲ့ခဏပါ။နောက်တော့ ကိုယ်ဝန်ရဲ့လက္ခဏာတွေဟာ ဆက်တိုက်ပြလာတာမို့လို့ byunမင်းကြီးparkမရိပ်မိအောင်ဖုံ းကွယ်ခဲ့သည်။

အရွင္(master)Où les histoires vivent. Découvrez maintenant